Head-On (2004)

Rating : 7.9/10
Country : United State
Genre : Drama, Romance
Cast : Birol Ünel, Sibel Kekilli, Güven Kiraç  
Released Date : 2019
Duration : 2h 1min

 တူရကီနွယ်ဖွား ဒါရိုက်တာ Fatih Akin ရဲ့ လက်ရာကောင်းတစ်ခုပါ။ ဒီကားက Goden Bear, European Film Award For Best Film အပါအဝင် ဆုပေါင်း ၁၁ ခုကို ဆွတ်ခူးခဲ့တဲ့ကားပါ။
လူတွေက အချစ်ကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရှိလေ့ရှိကြပါတယ်။ ဂျာဟစ်(ကာဟစ်) နဲ့ ဆီဘယ်တို့ တွေ့ဆုံရပုံက အမှတ်မထင် တွေ့ဆုံမှုမျိုးပါ။ ကိုယ့်ကိုယ်ကိုသတ်သေကြလို့ ဆေးရုံရောက်သွားရင်းတွေ့ခဲ့ကြတာပေါ့။ ပြောရရင် ဂျာဟစ်က တွေ့တာမဟုတ်ပဲ ဆီဘယ်က စပြီး သတိထားမိသွားတာ။ ဂျာဟစ် (ကာဟစ်) တွမ်ရွတ်ခ်ဆိုတဲ့ နာမည်ကြားတော့ ဆီဘယ်တစ်ယောက်အရမ်းပျော်သွားပါတယ်။ အဲ့ဒီနောက် လက်ထပ်ဖို့ကိုလည်း ဆီဘယ်ကပဲ ဂျာဟစ်ကို ချက်ချင်းဆိုသလို တောင်းဆိုခဲ့ပါတယ်။ ဂျာဟစ်ကို ချစ်လို့တော့မဟုတ်ပါဘူး ဂျာဟစ်က တူရကီဖြစ်နေလို့ပါပဲ။ ဂျာဟစ်လို ဂလေဂချေ ပုလင်းခွံတွေ လိုက်ကောက်ပေးရတဲ့သူနဲ့ ဘယ်သူက လက်ထပ်ချင်မှာလဲ။ လက်ထပ်ချင်ရတဲ့အကြောင်းရင်းကတော့ဆီဘယ့်မိဘတွေက တူရကီလူမျိုးနဲ့ပဲ သဘောတူမှာ မို့လို့ပါပဲ။ သူတို့နှစ်ယောက်အတူနေကြရင်းနဲ့ သံယောဇဉ်တွေဖြစ်သွားကြပါတယ်။ ဆက်ပြောရင် တစ်ကားလုံးကုန်ပါတော့မယ် 😛
မချစ်ပဲ အိမ်က ထွက်ရရုံလက်ထပ်ထားကြတဲ့ ဟန်ဆောင် လက်ထပ်ထားကြတဲ့ သူတို့ နှစ်ယောက် ဘယ်လိုဆက်ဖြစ်ကြမှာလဲ။ ပုံမှန်တွေ့နေကြ ကားတွေလိုပဲ ရိုမန့်ဖြစ်တဲ့အခန်းလေးတွေပြပြီး တစ်ယောက်နဲ့ တစ်ယောက်နဲ့ တစ်ယောက် ချစ်သွားကြမှာလား။ ဘာတွေဆက်ဖြစ်မှာလဲ ဆက်လက်ရှုစားဝေဖန်ပေးကြပါ။
ဒီဇာတ်ကားမှာဆိုရင် အရင်က ဖတ်ဖူးခဲ့တဲ့ အချစ်ဝတ္ထုတွေလို အဆုံးကို ကြိုသိနေတာမျိုး လုံးဝမဖြစ်ပါဘူး။ ဒီနေရာမှာ မင်းသမီးက မင်းသားကို ဒီလိုပြောမှာပါလို့ မျှော်လင့်ထားတာတွေလည်း မျှော်လင့်ထားတဲ့အတိုင်း မပြောကြပါဘူး။ ဘာကြောင့်လဲဆိုတော့ လူ့သဘာဝကို သဘာဝကျကျတင်ဆက်ထားတာဖြစ်လို့ပါပဲ။ ဖြစ်တတ်တဲ့ လူ့သဘာဝတွေအများကြီးကို ချပြသွားတာကိုတွေ့ရပါတယ်။
စာကြွင်း။ ။ ဒီဇာတ်ကားက တူရကီစကား၊ ဂျာမန်စကားနဲ့ အင်္ဂလိပ်စကားများနဲ့ ရိုက်ကူးထားသောဇာတ်ကားဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့နေရာမှာ Cahit က ဂျာဟစ်လို့(တူရကီလို) အသံထွက်ပြီး တစ်ချို့နေရာမှာ ဂျာမန်လို ကာဟစ်လို့ အသံထွက်တာက ဘာသာစကားအလိုက် အသံထွက်ပုံပြောင်းလဲတာဖြစ်ကြောင်း၊ အသံထွက်တဲ့အတိုင်းပဲ ရေးထားလို့ ဂျာဟစ်ဖြစ်လိုက် ကာဟစ်ဖြစ်လိုက်ဖြစ်နေရတာ ဖြစ်ကြောင်း ကြိုပြောပြထားချင်ပါတယ်။

0 comments:

Post a Comment