Give Me Liberty (2019)

Rating : 6.6/10
Country : United State
Genre : Comedy, Drama
Cast : Lauren 'Lolo' Spencer, Chris Galust, Maxim Stoyanov
Released Date : 2019
Duration : 1h 50min 

 ဒီကားလေးအကြောင်းကတော့
ဗစ်တာဆိုတဲ့ရုရှားလူငယ်လေးဟာ
ရောဂါအမျိုးမျိုးအကြောင်းအမျိုးမျိုးကြောင့်
လှုပ်ရှားသွားလာလို့မရတဲ့သူတွေကို
သယ်ယူပို့ဆောင်ပေးတဲ့ကားကုမ္ပဏီရဲ့
ကားမောင်းသမားတစ်ယောက်ပါ
ထင်ရာစိုင်းပြီးကလေးကြီးလိုဖြစ်နေတဲ့
သူ့အဖိုးကိုပြုစုစောင့်ရှောက်နေတဲ့သူလည်းဖြစ်ပါတယ်
တစ်နေ့မှာတော့ ဈာပနပွဲတစ်ခုကိုသွားမယ့်သူ့အဖိုးတို့
သက်ကြီးရွယ်အိုတစ်သိုက်ကိုမဖြစ်ဖြစ်အောင်
လိုက်ပို့ရမယ့်အခြေအနေတစ်ခုကိုရောက်ရှိလာပါတော့တယ်
ဗစ်တစ်ယောက်အလုပ်ကပို့ပေးရမယ့်လူတွေကတဖက်
ဈာပနပွဲသွားရမယ့်သူတွေကတစ်ဖက်
ကားတစ်စီးနဲ့ဗျာများရပါတော့တယ်
ဆူပူအုံကြွမှုတွေဆန္ဒပြမှုတွေကြားထဲကနေ
ဘယ်လိုဖြတ်‌ကျော်ပြီးလိုရာခရီးကိုသွားမလဲ
ဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ
ပြီးတော့သူတို့နိုင်ငံတွေမှာခန္ဓာကိုယ်နဲ့ဉာဏ်ရည်ချို့တဲ့သူတွေကိုဘယ်လိုပြုစုစောင့်ရှောက်သလဲဆိုတာလေးတွေလဲမြင်တွေ့ရမှာဖြစ်ပါတယ်
ဘဝအတွက်ပြေးလွှားရုန်းကန်လှုပ်ရှားနေရင်း
ဖြစ်တတ်တဲ့ရီစရာအလွဲလေးတွေထည့်သွင်းထားပါသေးတယ်…ရယ်လည်းရယ်ရသလို
သင်ခန်းစာလေးတွေလည်း ပေးသွားတဲ့ကားမို့ ခံစားကြည့်ကြပါဦး…

0 comments:

Post a Comment