Ghost Stories (2020)

Rating : 4.3/10
Country : United State
Genre : Horror, Thriller
Cast : Janhvi Kapoor, Surekha Sikri, Amruta Subhash
Released Date : 2020
Duration : 2h 24min 

 အထူးသတိပြုရမှာက Ghost Stories ဟာ 18+ Mature Rating Movie ပါ။ဒါကြောင့် မိဘနဲ့ ကြည့်လို့ သိပ်မသင့်တော်ပါဘူး။
India Ghost Stories ဆိုတဲ့ Poster ကို Netflix မှာစစတွေ့တုန်းက မကောင်းလောက်ဖူး ပေါးပေါးပဲပဲ ဇာတ်ကားတစ်ကားပဲနေမှာဆိုပြီ
မကြည့်ဖို့တွေးသေးတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းရင်ဆက်ကြည့်မယ် မကောင်းရင် မကြည့်ဘူးကွားဆိုပြီ ဖွင့်ကြည့်မိလိုက်တယ်။
ဖွင့်ဖွင့်ချင်း Intro မှာပဲ creepy ဖြစ်တဲ့ cartoon ဆန်ဆန် intro လေးကို မြင်တွေ့ရတော့ စိတ်ဝင်စားသွားတယ်။ဒါနဲ့ ဆက်ကြည့်လိုက်ဖြစ်ခဲ့တယ်။ Netflix ရဲ့ Mini series ဖြစ်တဲ့ Ghoul ကို ကြိုက်နှစ်သက်ခဲ့တဲ့ ကျွန်နော် အ အနေ နဲ့ ပထမ ဇာတ်လမ်းစစချင်းမှာပဲ စိတ်ဝင်တစ်စားဖြစ်ပြီ စကြည့်မိခဲ့တယ်။ ဇာတ်လမ်းက ထင်ထားတဲ့အတိုင်း Ghost stories ဆိုတဲ့အတိုင်း ဇာတ်လမ်း ၄ ပုဒ် ကို ချပြသွားတာပါ။ထူးခြားတာက ဇာတ်လမ်းတစ်ပုဒ်စီကို director တစ်ယောက်စီနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီတော့ ဇာတ်လမ်း ၄ ပုဒ်စလုံးက ကောင်းလား ? ကြောက်ဖို့ ကောင်းလား ? စိတ်ခြောက်ခြားဖို့ ကောင်းလား ကြည့်ကြည့်ရအောင်။1st story က တော့ ဇာတ်လမ်စစကတည်းက သိသာတဲ့ အိမ်ထောင်ရှင် ယောက်ျားနဲ့ affair ဖြစ်နေတဲ့ Sameera ဆိုတဲ့ nurse တစ်ယောက်နဲ့ ဇာတ်လမ်းစထားတယ်။
သူမှာနေစရာထိုင်စရာမရှိလို့ အဖိုးကြီး အဖွားကြီးတွေ ကို လိုက် nurse လုပ်ပြီ နေထိုင်နေတာ။ သူ nurse လုပ်ရမဲ့အဖွားကြီးက Guddu ဆိုတဲ့ သားတစ်ယောက်ရှိတယ် ဒါပင်မဲ့
သူကို ထားသွားခဲ့ပြီ။ အဖွားကြီးက Guddu ကို တော်တေ်ာလေးချစ်တော့ ပါစပ်က Guddu ဆိုတာမချဘူး။ အဖွားကြီးကလဲ ထူးထူးဆန်းဆန်း ပြောတာတွေ ရှိနေတယ်။ Sameera က
အသက်ကြီးလို ဒီလိုတွေ လျှောက်ပြောနေတာပဲလိုယူဆတယ်။ Sameera ကလဲ သူနဲ့ ဖောက်ပြန်နေတဲ့ ယောက်ျားနဲ့ တွေ့ဖို့အရေးပဲ သူစိတ်အားထက်သန်နေခဲ့တာ။ အဖွားကြီး
ကို တစ်ချက် တစ်ချက် စိတ်မရှည်ပဲ ပြောပြောငေါက်တာတွေရှိလာတယ်။ မိုးရာသီမိုလို့ နေမယ် မိုးက ရွာတာမပျက်ဖူး ….ဒီလိုနဲ့ sameera အိပ်နေတဲ့ အချိန် ညတစ်ညမှာ အပြင်က ဒရွတ်တိုက်သံ ကြားရတယ်။
ထွက်ကြည့်လိုက်တော့ ဘယ်သူမှမရှိဘူး…အဖွားကြီးအခန်းထဲကို ကြည့်တော့လဲ အဖွားကြီးကလဲ ရှိနေတယ်။ နောက်ညတစ်ညမှာ သူနဲ့ဖောက်ပြန်နေတဲ့ယောက်ျားရောက်လာပြီနောက်
ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုပေါ်လာခဲ့တယ်။ ( ဒီ story မှာ Sameera နေရာသရုပ်ဆောင်သွားတဲက မင်းသမီးတေ်ာတေ်ာလေး တော်တယ်။ တစ်ဦးထဲ ရပ်တည်နေတဲ့ မိန်းကလေးမိုလို့လားမသိ
အရမ်းကြီး ကြောက်ပြနေပုံမပေါ်ဘူး။အဖွာကြီးကလဲ သရုပ်ဆောင် ကောင်းတယ် မသန်စွမ်းအဖွားကြီးတစ်ယောက်က ကလေးစိတ်နဲ့ ပြောရဆိုရခက်တဲ့ပုံစံနဲ့သရုပ်ဆောင်ထားတယ်။ ရိုက်ကူးထား
တာကလဲ မိုးရွာမပျက်ရတဲ့ ကြားထဲက ခြောက်ခြားစေတဲ့ ရိုက်ကူးပုံလေးနဲ့ ရိုက်ထားတော့ ကြည့်ရတာ စိတ်ခြောက်ခြားစေပါတယ် )2nd story ကတော့ 90’s မှာအခြေခံထားပြီ အဖြူအမည်း color နဲ့ရိုက်ထားတာ။ ဆေးရုံမှာ ကလေးမီးဖွားပြီ မကြာဘူး ကလေးလေးက သေသွားရှာတယ်။ အချိန်တစ်ခုကြာတဲ့အထိ အမျိုးသမီးက
ကလေးမရဘူး အဲ့တော့ သူ့မောင်ရဲ့ ကလေးကို ထိန်းပေးရင်နဲ့ မိမိကလေးသဖွယ် စောင့်ရှောက်လာခဲ့တယ်။ ကလေးက ကျောင်းဆင်းကတည်းက သူစီမှာ မုန့်စား သူစီမှာပဲ ကစားလိုက် cartoon ကားကြည့်လိုက်နဲ့ ကလေးလေးက သူ့ကို အရမ်းချစ်ခဲ့တယ်။ တစ်နေ့ အမျိုးသမီးဟာ ကိုယ်ဝန်ထက်ရလာတယ်။ ကလေးက သူ့ကို ကိုယ်ဝန်ရလာကတည်းက စိတ်သိပ်မကြည်တော့ဘူး။ ကလေး ပန်ချီဆွဲတိုင်း ကိုယ်ဝန်သယ်ပုံဆွဲပြီဗိုက်ထဲက ကလေးကို ဆေးရောင်ဖိချယ်ပြီ အပြစ်ပေးသလို လုပ်တယ်….ကလေးက အဲ့လိုလုပ်တိုင်း အမျိုးသမီးဗိုက်ထဲက နာလာတယ် ခံစားမရ အောင် နာလာတယ်။ ထိုကလေးကြောင့်ပဲလား သူပင်ကိုယ်စိတ် psycho ဝင်သွားတဲ့စိတ်ကြောင့်လားမသိ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပါတော့တယ်။ ( ဇာတ်လမ်းက အဖြူအမည်းနဲ့ ရိုက်ထားပင်မဲ့ မင်းသမီးရဲ့ သရုပ်ဆောင်မှု့မှာ နစ်မျောသွားပါတယ်။ တော်တေ်ာလေးကို သရုပ်ဆောင် ကောင်းပြီး စိတ်တဇ ဆန်ဆန် ရိုက်ပြထားတာလေးက စိတ်ခြောက်ခြားစေပြီ စိတ်ဝင်တစားကြည့်မိစေတယ်။ နောက်ဆုံးအခန်းနားမှာ မင်းသမီးသရုပ်ဆောင်ပြသွားတာ စိတ်ထဲခုလုခုလု ဖြစ်စေပါတယ်။သူသွားလာ လုပ်ရှားပုံတွေကပြဇာတ်ဆန်ဆန်ဆိုပဲ ဒါပေမဲ့ အံ့သြချီးကျူးမိရုံမှ အပ တစ်ခြားအပြစ်ပြောစရာမရှိပါ)3rd story က တော့ ရွာလေးတစ်ရွာကို ကျောင်းဆရာက တာဝန်ကျလို့ သွားပြီ အလုပ်လုပ်ဖို့ သွားခဲ့တယ်။ ရောက်ရောက်ချင်းမှာပဲ ထူးထူးဆန်းဆန်း တစ်ရွာလုံး ဘယ်သူမှမရှိဘူး မှောင်မဲ နေပြီ ဘာအသံမှ မကြားရဘူး။
လူအရိပ်အယောင်လဲမမြင်ရဘူး။ သို့သော် ကလေးတစ်ယောက်နဲ့ ရုတ်တရပ် တွေ့ခဲ့ပြီးနောက် ကလေးက သူ့ကို အသံလဲ မထွက်နဲ့ စကားလဲမပြောနဲ့ သူခေါ်ရာဖြေးဖြေးလိုက်ခဲ့ဆိုပြီ ခေါ်သွားတယ်။ သူလဲဘုမသိ ဘမသိ
လိုက် သွားခဲ့တယ်။ ကလေးတစ်ယောက် ခေါ်သွားတဲ့အိမ်စီရောက်တော့ အဲကလေးနဲ့ မိန်းကလေး ကလေးငယ်တစ်ယောက် ကတံခါးတွေပိတ်ပြီး ရွာမှာ လူတွေက လိုက်သတ်ပြီစားနေတာ အသံကြားတာနဲ့လာပြီ စားလိမ့်စသည်တို့ အကြိုးအကြောင်းပြောပြတယ်။
ယုံရခက် မယုံရခက်နဲ့ ပြသနာတွေတက်ကြပါလေရော။ ၁ရာဖြစ်သူက မယုံဘူးကွား ထွက်ပြီ လူကြီးတွေရှာမယ်ဆိုမှ အပြင်က အသံကြီးတစ်ခုကြားလိုက်ရပြီ ကျောင်းဆရာဟာမလုပ်ရဲတော့ပဲ ငြိမ်သွားတယ်။ ဒီကလေးနှစ်ယောက်ပြောတာကို လက်ခံချင်သလိုလိုဖြစ်သွားတယ်။
နောက်နေ့မနက်မှာ ကောင်လေးက အစာထွက်ရှာတော့ အသတ်လဲမခံရ စားလဲမခံရ မဟုတ်က ဟုတ်ကတွေပါဆိုပြီ ကျောင်းဆရာက ထွက်ပြီ လူတွေ လိုက်ရှာမယ်လုပ်တော့မှာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်နဲ့ ရင်ဆိုင်ရတော့တယ်။
( ဒီဇာတ်လမ်းလေးက Netflix ရဲ့ Ghoul ကို ကြိုက်နှစ်သက်သူတွေအတွက် အရသာတွေ့စေမဲ့ Creepy story လေးတစ်ခုပါ။ လေးစားရတာက အဲ့လူသားစားတွေရဲ့ ခေါင်းဆောင်အကောင်ကြီးကို ဝတ်ရုံအပြည့်နဲ့ သေသေချာချာလုပ်ပေးထားပြီး
သရုပ်ဆောင်ခိုင်းထားတာပါ။သူရဲ့ သရုပ်ဆောင်ကောင်းမှု့ ကြောင့် creepy တေ်ာတေ်ာလေးဖြစ်ပါတယ်။ )
4th story က တော့ social media cele လဲဖြစ် အရမ်းလဲချော အရမ်းလှတဲ့ Ira ဆို့မိန်းကလေးဟာ arranged marriage ကိုလက်ခံခဲ့ပြီ ထိုလက်ခံယူမဲ့အမျိုးသား Dhruv နဲ့ သဘောထားခြင်းတိုက်ဆိုင်သွားလို့ လက်ထပ်ဖို့ လက်ခံခဲ့တယ်။။ ထူးထူးဆန်းဆန်းပဲ
နှစ်ဖက်မိဘ တွေ့ဆုံစကားပြောတဲ့အချိန်မှာ arranged marriage ဖြစ်တာတောင်မှ Dhruv တို့မိသားစုက သူတို့အဖွားလက်ခံလား တိုင်ပင်ရအုံးမယ်လို့ဆိုလာတယ်။ Ira က အဖွားကို ခေါ်ပြောကြတာပေါ့ဆိုတော့ အဖွားက သေပြီတဲ့။ Ira ကြောင်တောင်တောင် ဖြစ်သွားတယ်
ဘာလဲဟပေါ့။ ဒီလိုနဲ့ အချိန်နည်းနည်းရလာတော့ Dhruv နဲ့ Ira တို့မင်္ဂလာဆောင်ကြပါတယ်။ မင်္ဂလာဦးည Dhruv က Ira နံပြားစားနေတုန်း သူ့ရဲ့အဖွားရောက်လာလို့ Dhruv က စကားထပြောပါလေရော်။ Ira ကို Dhruv က သူအဖွားကိုနှုတ်ဆက်လိုက်အုံးဘာညာပြောတော့
Ira တေ်ာတေ်လေး စိတ်ခြောက်ချားသွားပြီ မလုပ်နိုင်ဘူးမရှိမှ မရှိတာ လို့ ပြောရော် Dhruv က ဒေါသတစ်ကြီးဖြစ်သွားပြီ မင်္ဂလာဦးည ဘာမှ မဘာရပဲ ပြီးဆုံးသွားခဲ့ကြတယ်။ Dhruv တို့မိသားစုက သူတို့အဖွားနဲ့ပါတ်သက်လာရင် လုံးဝမအထိမခံ တိမ်းအဆောင်းမခံတွေးမိုလို့ Ira စိတ်လဲဆိုး ဒေါသလဲထွက် ဒေါသအရှေ့ထားပြီ
လုပ်ချင်ရာလုပ်ချမိပြီနောက် မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခု ခြောက်ခြာဖွယ်ရာဖြစ်လာပါတော့တယ်။ ( ဒီ story က တော့ အရမ်းကြီး ကြိုက်တဲ့ထဲမှာမပါဘူး Ira နေရာသရုပ်ဆောင်တဲ့ မင်းသမီး ညဝတ်အဝတ်အစားနဲ့ hot တာတွေ ။ အဝတ်အစား စဉ်ထားတာလေး တော်တေ်ာလှ
တာတွေး ကိုပဲခံစားမိတယ် အရမ်းကြီးစိတ်ခြောက်ခြားစရာဖြစ်တယ်လို့တော့ ကျွန်နော်က မမြင်ဘူး ဒါပင်မဲ့ ကြည့်ပျော်တယ် :3 )Netflix ရဲ့ Ghost Stories Movie က သူ့အပိုင်းနဲ့သူ စိတ်ခြောက်ခြားစရာလေးတွေ ကောင်းတယ် ကျွန်နော် အကြိုက်ဆုံးက 2nd story နဲ့ 3rd story လေးပါ။ ရာသီဥတု အေးအေးနဲ့ သိပ်ကြည့်လိုကောင်းတဲ့ စိတ်ခြောက်ခြားစရာ Ghost stories လေးတွေလို့မြင်မိတယ်။
Ghost Stories ရဲ့ ထူးခြားတဲ့အချက်က နောက်ဆုံးပိုင်းလေးတွေက မရှင်းမရှင်းတွေ meaningful ဖြစ်သလိုလို မဖြစ်သလိုလို ကြည့်ပြီးရင် တွေးပြီ သြ ဒါက ဒီလို ဒါကြောင့် သြ ဒီလိုကြောင့် ဒါဖြစ်တာ ကို စတဲ့ အတွေးတွေနဲ့ ကိုယ်ဟာကိုယ် ဖြည့်တွေးရမဲ့ပုံပါ။
သို့သော်လဲပဲ Movie ရဲ့ ရိုက်ကူးထားတဲ့ပုံစံ အသံယူထားတဲ့ ပုံစံ over acting သိပ်မပါတဲ့ စိတ်ခြောက်ခြားစရာသရုပ်ဆောင် တွေကို မြင်တွေ့ခံစားရတာ horror fan တစ်ယောက်အနေနဲ့ ကြည့်ကို ကြည့်သင့်တယ်လို့ ကျွန်နော်ကတော့ မြင်ပါတယ်။
ပေးရတဲ့အချိန်နဲ့ တန်တဲ့ Ghost Stories Movie လေးတစ်ကားလို့ ကျွန်နော် ပြောချင်မိတယ်။

0 comments:

Post a Comment