Friend Request (2016)

Rating : 5.3/10
Country : United State
Genre :    Horror, Mystery, Thriller 
Cast :   Alycia Debnam-Carey, William Moseley, Connor Paolo 
Released Date : 2016
Duration : 1h 32min

Laura ဟာ ကျောင်းမှာလည်း active ဖြစ် အပေါင်းအသင်း ဆန့်သလို၊ လူသိလည်းများသူတစ်ယောက်ပါ။ သူမရဲ့ facebook account မှာလည်း fri 800 ကျော်ရှိတဲ့ laura ကတော့ ကျောင်းမှာတော်တော် လူသိများတဲ့လူမျိုးထဲ ပါဝင်ပါတယ်။

တနေ့မှာ Laura ရဲ့ facebook message box ထဲကို msg တစ်စောင်ရောက်လာပါတယ်။ သူမ နာမည် Marina ဖြစ်ကြောင်း သူမက Laura တို့ကျောင်းကို အသစ်ပြောင်းလာတဲ့ကျောင်းသူဖြစ်ကြောင်း သူမရဲ့ fri request ကို accept လုပ်ပေးပါလို့ပြောတဲ့စာပါ။

Laura က သူမ profile ကို ဝင်ကြည့်တော့ ကျောင်းမှာ သူမ မျက်မှန်းတန်းမိနေတဲ့ ကျောင်းသူမှန်း သိသွားပါတယ်။
Marina ရဲ့ facebook fri list ထဲမှာတော့ 0 fri ပါ။
Laura ရဲ့သူငယ်ချင်းတွေက account အသစ်ကိုလက်မခံဖို့ပြောပေမယ့် timeline ကိုဝင်ကြည့်ပြန်တော့လဲ account က အသစ်မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက တင်ထားဖူးတဲ့ video တွေ photo တွေကိုတွေ့ရပါတယ်။ အဲ့ဒါတွေအကုန်လုံးးက ရူးကြောင်ကြောင် ဆိုက်ကို ပုံစံတွေချည်းပါပဲ။

သူငယ်ချင်းတွေ accept မလုပ်ဖို့တားနေတဲ့ကြားက
Marina ရဲ့ ပထမဆုံး facebook fri အဖြစ် laura က သနားကာ accept လုပ်ပေးလိုက်ရာကစပြီး ကံကြမ္မာဆိုးတွေ ငင်ပါတော့တယ်။

Marina ဟာ သူမရဲ့ တဦးတည်းသော facebook fri ဖြစ်တဲ့ laura ကို video တွေ tag တယ်။chat box ကနေ အချိန်ပြည့် msg ပို့တယ်။ ကြာတော့ laura စိတ်ရှုပ်လာပါတယ်။ တစ်နေ့မှာ Laura ရဲ့ private Birthday party ကို Marina ကို မဖိတ်တဲ့အတွက် Marina က Laura ကိုကျောင်းမှာပြသနာ လာရှာရင်း စကားများကြပါတယ်။

အဲ့ညမှာတော့ Laura က Marina ကို facebook မှာ unfriend လုပ်လိုက်ပါတယ်။ အဲ့ဒါကို သိလိုက်ရတဲ့ marina တစ်ယောက် သူ ၂ပတ်လောက်အပင်ပန်းခံဆွဲပီး laura ကိုမပေးဖြစ်လိုက်ရတဲ့ မွေးနေ့လက်ဆောင် ပုံတူပန်းချီလေးကို မီးရှို့Laura ကိုလည်း သူ့လို သူငယ်ချင်း တစ်ယောက်မှ မရှိတဲ့ lonely life ဖြစ်အောင် လုပ်ပြမယ်လို့ ကြိမ်းဝါးရင်း မီးပုံပေါ်မှာ ကြိုးဆွဲချကာ suicide လုပ်သွားပါတော့တယ်။

အဲ့ဒီ marina suicide လုပ်ထားတဲ့ video ဟာ laura ရဲ့ facebook wall မှာ laura upload မလုပ်ပဲ သူ့အလိုလို တက်လာပြီး၊ Laura ရဲ့ အခင်ရဆုံး သူငယ်ချင်းတွေတစ်ယောက်ပီး တစ်ယောက် ဆက်တိုက် သေဆုံးလာသောအခါ ............

ဒီဂျာမနီကားလေးက facebook ကို အခြေတည်ပီးရိုက်ထားတဲ့ horror ကားလေးပါ ( ဒီလိုမျိုး facebook ကို အခြေတည်ထားတဲ့ horror ကား unfriended ကလည်း 2014 လောက်ကထွက်ဖူးပါတယ်။ခု friend request ကတော့ 2016 ထွက်ကားပါ။ အဲ့ ၂ကားကို တော်တော်များများ မှားကြလို့ပါ ) ဒီကားရဲ့ Horror theme က dark ဘက်တော်တော်ရောက်တဲ့ အတွက် တချို့ အသည်းငယ်သူတွေ မီးပိတ်ပြီး မကြည့်သင့်ပါဘူး။

ဒါ့အပြင် ဒီကားထဲက Laura အဖြစ်သရုပ်ဆောင်တဲ့ သြဇီမင်းသမီး Alycia Jasmin Debnam-Carey ကို အခုတလော တော်တော် သဘောတွေ့မိပါတယ်။သူ့ကို ပထမ သတိထားမိတာ the 100 tv series မှာပါ။ Commander Lexa နေရာမှာ သရုပ်ဆောင်ခဲ့ပီး အဓိက ဇာတ်ဆောင်မင်းသမီးနဲ့ lesbian ဆန်ဆန် အခန်းတချို့ကြောင့် LGBT ထောက်ခံသူတွေကြား အကြီးအကျယ်နာမည်ကြီး လူသိများလာခဲ့ပါတယ်။ နောက်ပြီး Walking Dead series ရဲ့ spin-off series ဖြစ်တဲ့ Fear the walking dead series မှာလည်း အဓိကဇာတ်ဆောင် Alicia Clark အဖြစ်ပါဝင်ထားပါတယ်။ 

0 comments:

Post a Comment