Fallen (1998)

Rating : 7.0/10
Country : United State
Genre : Action, Crime, Drama 
Cast : Denzel Washington, John Goodman, Donald Sutherland   
Released Date : 1998
Duration : 2h 4min

မင်းသားကြီး Denzel Washington  က ဒီကားထဲမှာ အဓိကဇာတ်ဆောင် စုံထောက် John Hobb အဖြစ်သရုပ်ဆောင်ထားတယ်…
Hobb က အရမ်းတော်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီးတော့ သူနောက်ဆုံးဖမ်းခဲ့တဲ့သူကို သေဒဏ်မပေးခင်မှာ ထူးခြားတာတွေဖြစ်ပျက်ခဲ့ပါတယ်။ဒါပေမယ့် သတိမထားမိဘဲ နောက်ထပ်ပုံစံတူလူသတ်မှုတွေပေါ်လာချိန်မှာတော့ ပြန်စုံစမ်းရင်း ထူးခြားတာတွေကိုသတိထားမိလာပြီး  သူမယုံချင်တဲ့ အရာတွေကိုလည်း ယုံခဲ့ရတယ်…လူသတ်သမားက သေဒဏ်ကျခံပြီးဖြစ်တဲ့ တရားခံရဲ့ ပုံစံအတိုင်းသတ်ပြီးတော့ Hobb အတွက် သတင်းစကားတွေချန်ထားခဲ့ခြင်းပါ။အဲဒါတွေကိုစုံစမ်းရင်း သူတစ်ခုသိလာရတာတော့ သူမမြင်ဖူးတဲ့ရှုထောင့်ကနေကြည့်မှ ဒီလူသတ်မှုတွေကိုနားလည်နိုင်မယ်ဆိုတာပါပဲ။သူ့ရဲ့အမြင်တွေကိုပြောင်းလဲပြီးတော့ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာ ကြည့်လိုက်ပါတော့ဗျာ။စုံထောက်အက်ရှင်ကားတွေလည်းကြိုက်တယ်..မင်းသားကြီး  Denzel Washington လည်း ပါတယ်ဆိုတော့ကားးးးးးး….IMDB Rating အနေနဲ့ကတော့ 7 အထိရရှိထားပါတယ်။

0 comments:

Post a Comment