Rating : 6.3/10
Country : United State
Genre : Comedy, Family
Cast : Zachary Gordon, Robert Capron, Devon Bostick
Released Date : 2012
Duration : 1h 34min
ဒီဇာတ်ကားလေးဟာ ဆိုရင် seriesတွေနဲ့ ထွက်ထားသလို ဝတ္ထုအနေနဲ့လည်းရောင်းအားကောင်းလှတဲ့ Diary of a kid series ထဲက ဇာတ်လမ်းတစ်ပုဒ်ကို မှီးငြမ်းရိုက်ကူးထားတာပါ။ နွေရာသီကျောင်းပတ်ရက်ကို ရောက်လာပြီဆိုတာနဲ့ Greg တစ်ယောက သူ့ ဗီဒီယိုတွေနဲ့ပဲ အချိန်ကုန်ဖို့စီစဉ်ထားပါတယ်။ဒါပေမယ့် သူ့စိတ်ကူးထဲကလို မဖြစ်လာပါဘူး။မိဘတွေက သူ့ကိုဂိမ်းကစားတာရပ်ပြီးပြင်ပလှုပ်ရှားမှုတွေလုပ်စေချင်တာပါ။ဒီမှာGregနဲ့သူ့အဖေနဲ့ ကတောက်ကဆတွေ့ဖြစ်ပြီပေါ့။pool party တစ်ခုကိုအသွားမှာ ပြဿနာတွေကပိုဆိုးလာပြီ။ဘယ်လိုဆက်ဖြစ်မလဲ? တဖြည်းဖြည်းနဲ့ပြဿနာရှာတတ်တဲ့ကောင်လေး ဖြစ်လာတဲ့Gregကို ဒီလိုပဲဆက်သွားနေရင် တပ်ထဲပို့ပစ်မယ်လို့ အဖေက ခြိမ်းခြောက်လိုက်ပါပြီ။ဒီအချိန်မှာပဲ ခွေးလေး တစ်ကောင် သူတို့မိသားစုထဲ ရောက်လာပြီး Greg နဲ့ ဘယ်လိုနှစ်ပါးဆက်သွားမယ်ဆိုတာကတော့….. မိသားစု ဇာတ်ကားလေးဖြစ်ပြီး လူငယ်တွေရဲ့ သဘာဝ ကိုပေါ့ပေါ့ပါးပါးနဲ့ ရိုက်ကူးထားတာမို့ ပရိသတ်ကြီးအနေနဲ့ (ကလေးမိဘတွေရော ကလေးမိဘလောင်းလျာတွေရော) ကိုယ့်သားသမီးကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာဗဟုသုတ တိုးစေမှာ ဖြစ်တာမို့ ကြည့်သင့်ပါတယ်။ IMDB rating ၆.၄အထိ ရထားသလို ပေါ့ပေါးပါးပါးနဲ့ ဟာသဆန်ဆန် ရိုက်ထားတာမို့ လူကြီး လူငယ်မရွေး ကြည့်လို့ရပါတယ်
0 comments:
Post a Comment