Dachra (2019)

Rating : 6.9/10
Country : United State
Genre : Horror
Cast : Yassmine Dimassi, Aziz Jebali, Bilel Slatnia    
Released Date : 2019
Duration : 1h 53min 

 တုန်လှုပ်ခြောက်ခြားစရာ Thriller အမျိ ုးအစားလေးဖြစ်ပြီးကြည့်နေရင်းကြက်သီးထစရာကောင်းအောင်ဆွဲဆောင်နိုင်မယ့်ဇာတ်ကားမျိ ုးပါ။

ဇာတ်လမ်းအကျဉ်းလေးကတော့ လူငယ်သတင်းစာပေပညာရှင်ကျောင်းသားသုံးယောက်ဟာ ကျောင်းကပေးတဲ့ ပရောဂျက် အတွက်
လွန်ခဲ့တဲ့နှစ်ငါးဆယ်ကအမှုတစ်ခုကိုသတင်းရေးဖို့စုံစမ်းဖို့ကြိုးစားရင်း ရွာတစ်ရွာမှာပိတ်မိခဲ့ကြတာပါ

။ရာစမင်ဆိုတဲ့ကောင်မလေးဟာ သူမရဲ့သူငယ်ချင်းတွေ ဖြစ်တဲ့ ဝါ့လစ် ၊ဘီလီ ဆိုတဲ့ကောင်လေးနှစ်ယောက်နဲ
့ ကျောင်းကပေးလိုက်တဲ့ပရောဂျက်အတွက် မှတ်တမ်းတင်စုံစမ်းပြီးသတင်းရေးဖို့အကြောင်းအရာခေါင်းစဉ်ကိုရှာရင်း
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်က အမှုတစ်ခုကိုတွေ့ခဲ့ကြပါတယ်။

မိုဂျနားဆိုတဲ့အမျိ ုးသမီးဟာကိုယ်လက်အဂါင်္တွေအဖြတ်ခံရပြီးအသတ်ခံရတဲ့အခြေအနေကနေလွတ်မြောက်လာပြီး
လမ်းမမှာပြန်တွေ့ခဲ့ရတဲ့အမျိ ုးသမီးဖြစ်လို့ အဲ့အမှုအတွက်မေးမြန်းဖို့လိုလာပါတယ်။

သူတို့သုံးယောက်ဟာ အဲ့အမှုရဲ့အဓိကဖြစ်တဲ့ စိတ္တဇဆေးရုံကစိတ်ရောဂါဝေဒနာသည် မိုဂျနားကိုသွားတွေ့ပြီးမေးခဲ့ပါတယ်။
စုန်းမတစ်ယောက်လား အောက်လမ်းပညာကိုပဲတတ်နေသလား ရူးပဲနေသလား သိအောင်ကြိုးစားခဲ့ပေမယ့်
မိုဂျနားဆီကဘာအဖြေမသိရတဲ့အတွက် သူမကိုတွေ့ခဲ့တဲ့နေရာက လမ်းမပေါ်ကိုအခြေံပြီး
မြေပုံနဲ့ပတ်ဝန်းကျင်ကိုလိုက်ရှာစုံစမ်းလိုက်တော့လမ်းပျောက်ခဲ့ကြပါတယ်။ရာစမင်တို့သုံးယောက်ကို
ဘာရာဆိုတဲ့လုတစ်ယောက်က ကူညီပေးရင်းအဲ့ဒီရွာကိုခေါ်သွားခဲ့ပြီး
အဲ့ဒီရွာရဲ့ထူးဆန်းမှုတွေ အယူဝါဒအဆန်းတွေဟာကြောက်စရာအရမ်းကောင်းနေတဲ့အခါ...
အဲ့ဒီရွာဟာ သူတို့စုံစမ်းနေတဲ့အမှုနဲ့ပတ်သက်နေသလဲ...
တိုက်ဆိုင်စွာပဲ သိလိုက်ရတဲ့ရာစမင်ဆိုတဲ့ကောင်မလေးရဲ့ အတိတ်ကကော ဘယ်လိုမျိ ုးလဲ...
ရာစမင့်အဘိုးမှာကော ဘယ်လိုလျုှိ့ဝှက်ချက်တွေရှိလဲဆိုတာ...
ရာစမင့်သူငယ်ချင်း နှစ်ယောက် ဝါ့လစ် နဲ့ဘီလီကလည်း ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ..

0 comments:

Post a Comment