Comedy Central Roast of Bruce Willis (2018)

Rating : 6.5/10
Country : United State
Genre : Comedy
Cast : Bruce Willis, Edward Norton, Joseph Gordon-Levitt
Released Date : 2018
Duration : 1h 25min 

 ရုပ်ရှင်ချစ်ပရိတ်သတ်တိုင်း မသိသူမရှိလောက်တဲ့ ‘Die Hard’ မင်းသားကြီး
ဘရုစ်ဝီလစ်ကို အမှန်အကန် တိုက်ခိုက်ပြီး ဟာသလုပ်တဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့
‘Comedy Central Roast’ လို့ခေါ်ပြီးတော့ ဟောလိဝုဒ်က နာမည်ကျော်တွေ တက်ရောက်ကာ နာမည်ကြီး
သရုပ်ဆောင်တစ်ယောက်ကို တည်ပြီး မြှောက်ပေးသလိုလိုနဲ့ အားရပါးရ အောက်ကိုရိုက်ချကာ ဟာသလုပ်တဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ ဘရုစ်မတိုင်ခင် ဒီအစီအစဉ်ကို ဒေါ်နယ်ထရမ့်က အတိုက်ခိုက်ခံ တင်ဆက်ခဲ့ပြီးတော့မှ သမ္မတာဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ဘရုစ်နဲ့ ရင်းနီးတဲ့ အနုပညာလောကက လူတွေက သူ့ကိုအမျိုးမျိုး ဖောင်းထုပြီး ဟာသလုပ်ထားတာကို ရီမောခံစားရမှာပါ။
ဒီဘိုးတော်ကြီးရဲ့ကားတွေရင်းနှီးလေ ပိုပြီး ကြည့်လို့ကောင်း ရယ်လို့ကောင်းလေဖြစ်တဲ့အပြင် အခြားနာမည်ကျော်မင်း သားမင်းသမီးတွေကိုလည်း တစ်ပြိုင်နက်ဆုံစည်းရမှာဖြစ်ပါတယ်…. တော်တော်ကို ပွင့်လင်းစွာပြောဆိုတာဖြစ်တဲ့အတွက် စကားလုံးတွေကတော့ အနည်းငယ်ကြမ်းနိုင်ပါတယ် …တချို့ဟာသတွေက သမိုင်းနဲ့ချီစဉ်းစားရတဲ့အတွက် သူ့အမာခံပရိသတ်တွေအတွက်ဆို ပိုပြီးဟာသမြောက်မှာပါ။
ပြီးတော့ ခင်ဗျားတို့ ဒီကားကြည့်ရင် ပျင်းစရာများကောင်းနေမလားဆိုတဲ့သံသယအတွေးကို ဟိုး ၂၀၁၉ မှာ ထားခဲ့လိုက်ပါ…..
ဒီအစီအစဉ်လေးကိုကြည့်ရင် ဟာသရသကိုခံစားရမှာဖြစ်ပြီး နောက်ထပ်တစ်ခုကတော့ ခံစားမိလိုက်ရင် အချစ်ဆိုတာဘာလဲ ဆိုတာနဲ့
အမေရိကန်တွေရဲ့ ယဉ်ကျေးမှုတွေကိုပါ ခံစားရနိုင်ပါတယ်…

0 comments:

Post a Comment