Chris Watts: Confessions of a Killer (2020)

Rating : 7.5/10
Country : United State
Genre : Crime
Cast : Ashley Williams, Brooke Smith, April Telek                          
Released Date : 2020
Duration : 1h 5min 

 ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် သူ့နာမည်က ခရစ်တိုဖာဝက်စ် သူ့မှာ အိမ်ကောင်းကောင်း အလုပ်ကောင်းကောင်း ပျော်ရွင်စရာမိသားစုလေးရှိတယ် ချစ်စရာသမီးလေးနှစ်ယောက်အပါအဝင်ပေါ့ တစ်နေ့မှာ သူတို့လင်မယားနှစ်ယောက်ကလေးတစ်ယောက်ထပ်ရမှန်းသိကြတယ် ပျော်ကြတာပေါ့ ။ သမီးနှစ်ယောက်ဆိုတော့ ယောက်ျားလေးဖြစ်ပါစေဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့၊ ဒီလိုနဲ့ ခရစ်ရဲ့မိန်းမ ရှန်နန်ဟာမိဘတွေရှိရာ မြောက်ကယ်ရိုရိုင်းနားကိုသမီးနှစ်ယောက်နဲ့အတူ အပန်းဖြေဖို့ ခရီးထွက်ခဲ့တယ်။ ခရစ်ကိုတော့အလုပ်ကိစ္စတွေရှိလို့နောက်မှလိုက်ခိုင်းခဲ့တာပေါ့ ။ ဒီအထိက သာမန်ကိစ္စတစ်ခုပါပဲ။
မိန်းမမရှိတော့နဲ့အချိန်မှာ ခရစ်ဟာ အလုပ်က နစ်ကီဆိုသူနဲ့ ဇာတ်လမ်းတစ်ပုဒ်အစပြုတာကနေ နောက်ဆက်တွဲတွေဟာ အကုန်ရှုပ်ထွေး
ကုန်ပါတော့တယ်။ အခုရေးထားတဲ့အညွှန်းထဲမှာ ဇာတ်လမ်းရဲ့ တကယ့်အနှစ်သာရတွေကို ချန်ပြီးရေး
တာမို့ spoiler သဘောမဖြစ်စေပါဘူး။ တကယ်အရေးကြီးတဲ့ ကောင်းခန်းတွေ တစ်ချို့သောချစ်ကြိုက် ခန်းတွေလည်းအနည်းငယ်ပါဝင်ပါတယ်။ ဒီကားလေးကြည့်ပြီး မဖြစ်သင့်တာ မဖြစ်ဖို့နဲ့ ကိုယ့်ကိုယ်တောင်မထင်မှတ်လောက်တဲ့ ကိစ္စတွေလုပ်မိတတ်ပါလားဆိုတဲ့အတွေးမျိုးလည်း သင်ခန်းစာရယူနိုင်ပါလိမ့်မယ်။

0 comments:

Post a Comment