Chameleon (2019)

Rating : 6.8/10
Country : United State
Genre : Crime, Thriller
Cast : Joel Hogan, Alicia Leigh Willis, Donald Prabatah
Released Date : 2019
Duration : 1h 20min

 ပက်ထရစ်ရှက်ဒ်ဆိုတဲ့ ကောင်လေးက ရုပ်ရည်ချောမောတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့။ ဒါပေမဲ့သူက ထောင်ထွက်ဖြစ်တာကြောင့် အလုပ်ရှာမရဘဲ စားဝတ်နေရေး ကြပ်တည်းလာပါတယ်။ ဒီအချိန်မှာ သူနဲ့ထောင်ထဲမှာတွေ့တဲ့လူတစ်ယောက်က သူ့ကို သူဌေးကြီးတွေရဲ့ ဇနီးငယ်ငယ်ချောချောလေးတွေကို သွေးဆောင်ဖျားယောင်းပြီး ပြန်ပေးဆွဲကာ ငွေညှစ်မယ့်အစီအစဉ်မှာပါဝင်ဖို့ စည်းရုံးပါတော့တယ်။

စားဝတ်နေရေးအဆင်‌မပြေတာကြောင့်ရော ကျေးဇူးရှိဖူးတာကြောင့်ရော သူဒီအလုပ်ကို သဘောတူလိုက်ပြီး မှောင်ထဲကိုမိုက်မိုက်ကန်းကန်းတိုးဝင်မိချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ။ ဒီလိုကျူးလွန်နေတဲ့အချိန်မှာ တကယ်ချစ်ရသူကိုတွေ့မိတဲ့အခါ သူဘာဆက်လုပ်မလဲ။ မိမိချစ်ရသူက မိမိကိုဖမ်းမယ့် အသွင်ယူရဲဖြစ်နေတဲ့အခါ သူအဖမ်းခံရမှာလားဆိုတာကို ဒီ Chameleon ဆိုတဲ့ဇာတ်ကားမှာကြည့်ရှုခံစားလိုက်ရအောင် …..

0 comments:

Post a Comment