Big Eyes (2014)

Rating : 7.0/10
Country : United State
Genre : Biography, Crime, Drama 
Cast : Amy Adams, Christoph Waltz, Danny Huston
Released Date : 2014
Duration : 1h 46min

ဒီကားရိုက်ရဲ့ ဒါရိုက်တာ Tim Burton ရိုက်ထားတဲ့ Big Fish, Alice In Wonderland, Edward scissorhands တို့ Charlie and the chocolate Factoryတို့လို ဇာတ်ကားကောင်းတွေကို ကြည့်ဖူးကြမှာပါ။
Tim Burtonရဲ့ ကားတွေဟာ ရိုက်ဟန်ထူးခြားပြီး ပစ်ရတဲ့ကားလည်း မရှိသလောက်ပါပဲ။
အခု Big Eye ကလည်း သူရိုက်ခဲ့တဲ့ Biography ကားတစ်ကားပါပဲ။အနုပညာဆိုတာ ကိုယ်ရေးကိုယ်တာ အရမ်းဆန်ပါတယ်။
ကိုယ်ပိုင်ခံစားချက်ကို စကားလုံး ရုပ်ပုံ နိမိတ်ပုံ သံစဉ် အစရှိသဖြင့်ကူးပြောင်းရတာမျိုးပါ။
နှလုံးသားထဲက ထွက်လာတယ်ဆိုလည်း မမှားဘူးပေါ့ဗျာ။Margaretဆိုတဲ့ ပန်းချီဆရာမ တစ်ယောက်ဟာ သူ့ခံစားချက်တွေကို ပန်းချီဆွဲတဲ့ အခါတိုင်း မျက်လုံးကို အရှိတရားထက် ကြီးအောင် ရေးဆွဲပြီး ခံစားချက်ပေါ်လွင်အောင် ဆွဲလေ့ရှိတယ်။
သူ့စကားအတိုင်းဆို ” မျက်လုံးဆိုတာ စိတ်ဝိညာဉ်ရဲ့ တံခါးပေါက်တွေ” ပေါ့ဗျာ
အနုပညာသမားတစ်ယောက်အတွက် အဆိုးရွားဆုံး ခံစားချက်က ဘာများဖြစ်မလဲ။
သူ့ရဲ့အနုပညာကို ခိုးယူခံရပြီး တခြားသူတစ်ယောက်ရဲ့ နာမည် တပ်ခံရတာပါပဲ…လူမသိ သူမသိ မြုံနေခဲ့ရတဲ့ သူ့ ရဲ့ ထူးခြားတဲ့ ပန်းချီဟန်တွေဟာ နာမည်ကြီးမဲ့ တစ်နေ့ကို ရောက်လာခဲ့တယ်။
ဒါပေမဲ့ပေါ့… သူဆွဲတဲ့ အနေနဲ့ မဟုတ်ပဲ အနုပညာဂုတ်သွေးစုပ်သူတစ်ယောက်ရဲ့ အမည်နာမ အောက်မှာ ကျော်ကြားသွားခဲ့ပါတယ်။
အဲ့ဒီ ဂုတ်သွေးစုပ်သူကလည်း အနုပညာရဲ့ တန်ဖိုးကို နားလည်ပေမဲ့ ကိုယ်တိုင်မဖန်ဆင်းနိုင်တဲ့ လူတစ်ယောက်ပါ။
ကြားဖူးတဲ့ စကားလေးလိုပေါ့ “အနုပညာဆိုတာ မှော်ဆရာတိုင်း ကလို့ရတဲ့ ဓားပညာမှ မဟုတ်ပဲ”ဒီလိုဆိုးရွားလွန်းတဲ့ အနုပညာ ဂုတ်သွေးစုပ်ခံရတဲ့ အဖြစ်အပျက်ဟာ ဆယ်နှစ်တာ ကြာခဲ့ပါတယ်။
ဘာရယ် ဘယ်လိုတွေကြောင့် Margaret ဒီလောက် သည်းသီးခံခဲ့လည်းဆိုတာကိုတော့ Big Eye ဆိုတဲ့ ဖြစ်ရပ်မှန် ကားလေးကို ခံစားကြည့်ကြပါ။Margaret အဖြစ်နဲ့တော့ Amy Aadam သရုပ်ဆောင်ထားပြီး အတော်လည်း ပီပြင်ခဲ့တဲ့အပြင် Imdb 7 နဲ့ ခရမ်းချဉ်သီး 72လုံးရထားပါတယ်။

0 comments:

Post a Comment