Beats (2019)

Rating : 6.4/10
Country : United State
Genre : Drama
Cast : Khalil Everage, Evan J. Simpson, Ashley Jackson
Released Date : 2019
Duration : 1h 49min

 Rap ဂီတကိုကြိုက်တဲ့သူတွေအတွက် Rap ဂီတနဲ့ပတ်သက်တဲ့ဇာတ်ကားသစ်လေးတစ်ကားပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ခဏခဏ သေနတ်ပစ်ခတ်မှုတွေ လူငယ်တွေကြားရာဇဝတ်မှုတွေနဲ့ မလုံခြုံတဲ့အနေအထားမှာဩဂတ်စ်ဆိုတဲ့လူငယ်လေးတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့စိတ်ခြောက်ခြားစရာကိစ္စတစ်ခုကြုံခဲ့ရပြီးနောက်အပြင်တောင်မထွက်ရဲလောက်အောင် စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။
ဒီလိုနဲ့ အိမ်မှာပဲနေရင်း သူစိတ်ဝင်စားနဲ့ ရက်ပ်သံစဉ်တွေဖန်တီးတာကို အားအားရှိလုပ်နေပါတော့တယ်။အဲလိုအချိန် တချိန်ကဂီတလောကမှာ မန်နေဂျာအနေနဲ့ နာမည်တစ်ခုရှိခဲ့တဲ့ ရိုမယ်လိုတစ်ယောက်ကလည်း ပြသနာတွေကြောင့်ကျောင်းလုံခြုံရေးဝန်းထမ်းဘဝရောက်ပြီး တစ်နေ့ဩဂတ်စ်ရဲ့အရည်အချင်းကို သတိထားမိစေတဲ့နေ့ကိုရောက်လာပါတယ်။ဒီလိုနဲ့ ကောင်လေးကိုတွဲခေါ်ရင်း သူတို့နှစ်ယောက်ရဲ့ဒဏ်ရာကိုယ်စီဘယ်လိုဖြေဖျောက်မလဲနောက်ကွယ်ကဘာဇာတ်လမ်းတွေရှိလဲဆိုတာကိုသိရမှာပါ။သီချင်းတွေဟာလည်း ရက်ပ်ကြိုက်တဲ့သူတွေအတွက် တကယ်နားထောင်လို့ကောင်းတဲ့အတွက် ကျေနပ်မှုဂစေမှာပါRating အနေနဲ့ 6.4/10 အထိရထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

0 comments:

Post a Comment