Rating : 5.0/10
Country : United State
Genre : Family
Cast : Sofia Wylie, Christopher Kirby, Melissa Bonne
Released Date : 2019
Duration : 1h 38min
Country : United State
Genre : Family
Cast : Sofia Wylie, Christopher Kirby, Melissa Bonne
Released Date : 2019
Duration : 1h 38min
မိသားစုနဲ့အတူတူကြည့်လို့ရမယ့် family ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဉ်းကတော့ သိပ္ပံပညာရပ်ကို အထူးစိတ်ဝင်စားတဲ့ ကိုရီ ဟာ ပင်လယ်ပြင်လေ့လာရေးခရီးစဉ်ကိုသွားဖို့ဖြစ်လာပါတယ်။ သိပ္ပံဘာသာရပ်ကိုအထူးစိတ်ဝင်စားတဲ့သူ့အတွက်ကတော့ အပျော်ကြီးပျော်နေတာပေါ့ ခရီးစဉ်အတွက် သြစတြေးလျနိုင်ငံ ဆစ်ဒနေမြို့ကိုသွားရမှာပါ။ အဲ့ဒါအပြင်သူ့မိဘတွေကလဲ ဆေးစစ်ဖို့အတွက် နယူးဒေလီမြို့ထွက်သွားရမှာပါ။ သူတို့မိသားစုသုံးယောက်လေဆိပ်မှာနှုတ်ဆက် ရင်း ခရီးအသီးသီထွက်လာခဲ့ကြပါတယ်။ ကိုရီဟာ ဆစ်ဒနေမြို့ကိုရောက်တော့ ပင်လယ်ခရီးစဉ်သွားမယ့်ကားကိုတက်ရမှာပါ ဒါပေမယ့် သူဟာ Harold ဘောလုံးအကယ်ဒမီကျောင်းကိုသွားမယ့်ကားပေါ်မှားတက်မိပါတယ်။ ကားပေါ်တက်တုန်းက သူသတိမထားမိပါဘူး ဘောလုံးအကယ်ဒမီကျောင်းကိုရောက်တော့မှ သူသွားရမယ့်ခရီးမဟုတ်ဘူးဆိုတာသိတာပါ။ ပင်လယ်ပြင်လေ့လာရေးသဘောၤဆီပြန်သွားဖို့ကလည်းအချိန်မမှီတော့ပါဘူး။ အဲ့တော့ဘောလုံးအကယ်ဒမီမှာပဲဆက်နေရတော့တယ်။ အားကစားတစ်ခါမှမလုပ်ဘဲ စာချည်းလုပ်နေတဲ့ကိုရီတစ်ယောက် ဘောလုံးအကယ်ဒမီမှာဘယ်လိုတွေဖြစ်မလဲ ဘာအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာ ဆက်လက်ရှုစားပေးပါ ဦး။
0 comments:
Post a Comment