Rating : 1.9/10
Country : India
Genre : Action, Thriller
Cast : Tiger Shroff, Riteish Deshmukh, Shraddha Kapoor
Released Date : 2020
Duration : 2h 23min

မင်းသားချော တိုက်ဂါးရဲ့ ၂၀၂၀ထွက် အက်ရှင်ကြမ်းကြမ်းကားကြီး တင်ဆက်ပေးလိုက်ပါတယ်။တိုက်ဂါးဆိုတာနဲ့ အက်ရှင်အလန်းတွေကို ပြေးမြင်ကြမှာ လူတိုင်းပါပဲ။မကြာသေးခင်ကလည်း War မှာ လင်ပွားမင်းသားနဲ့အတူ အလန်းတွေ ချပြထားခဲ့တယ်။Baaghi ဆိုတဲ့အတိုင်းပဲ လက်စားချေတဲ့ ဇာတ်လမ်းပေါ့။အရင် Baaghi 1,2 ကတော့ ဇာတ်လမ်းချင်းတူပေမဲ့ Baaghiမှာတော့ မတူပါဘူး။
ဇာတ်လမ်းအကျဉ်းအရ ဖခင်ဆုံးပြီး နောက်ပိုင်း ညီအစ်ကို နှစ်ယောက် ကျန်နေခဲ့ပါတယ်။အစ်ကိုကတော့ နုံနုံအအ ကြောက်တတ်တဲ့ ဗစ်ကရမ်၊ ညီကတော့ အစ်ကိုကို ထိရင် ငြိမ်မနေတတ်တဲ့ ရွန်နီသူတို့အဖေ ၊သူတို့အဘိုးဟာ ရဲအရာရှိတွေ၊ စံပြရဲသားကြီးတွေ။ဒါကြောင့် အစ်ကိုဖြစ်သူ ဗစ်ကရမ်ကိုလည်း ညီဖြစ်တဲ့ ရွန်နီက ရဲအရာရှိလုပ်ခိုင်းခဲ့ပါတယ်။လူရှိန်အောင်သာ ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့တာ၊ တကယ်တော့ သူက ရာဇဝတ်သားတွေကို ကြောက်တတ်သူ။ဒီလိုနဲ့ ရဲအရာရှိဖြစ်လာတော့ မြို့နယ်အတွင်း ပြန်ပေးဆွဲဂိုဏ်းတစ်ခုကို ဝင်စီးရာကနေ ဗစ်ကရမ်ဟာ ပြန်ပေးဆွဲဂိုဏ်းရဲ့ ရန်သူဖြစ်လာပါတယ်။အဲ့ဒီဂိုဏ်းဟာလည်း နိုင်ငံခြားသား အစွန်းရောက်တစ်ဦးရဲ့ လက်ပါးစေ အိန္ဒိယဂိုဏ်း၊ အာဏာကြီးသလို သတ်ဖြတ်ဖို့လည်း ဝန်မလေးတတ်သူတွေ။ကြောက်တတ်တဲ့ နုံအအ ရဲသားတစ်ယောက်ဖြစ်တဲ့ ညီကိုအားကိုးနေရသူ ဗစ်ကရမ်ဟာ ဒီဂိုဏ်းသမားတွေနဲ့ ဘယ်လို ရင်ဆိုင်လာရမလဲ။ရွန်နီ ပြောနေကျစကားရှိတယ်။ “ငါ့ကိုထိပါးလာရင် ငြိမ်ခံတတ်ပေမဲ့ ငါ့အစ်ကို ထိပါးလာရင်တော့ လက်ပိုက်ကြည့်မနေတတ်ဘူး”တဲ့။ရွန်နီကရော ဘယ်အတိုင်းအတာထိ ကယ်တင်ပေးနိုင်မလဲဆိုတာကို အက်ရှင်အလန်းအစားတွေနဲ့အတူ မင်းသမီးချောချောလေးနဲ့ ကြည့်ရှုခံစားရမှာပါ။

0 comments:
Post a Comment