Abominable (2020)

Rating : 4.6/10
Country : United State
Genre : Horror
Cast : Robert Berlin, Katrina Mattson
Released Date : 2020
Duration : 1h 12min

နှင်းလူသားနဲ့ ရှာ​ဖွေ​ရေးအဖွဲ့တစ်ဖွဲ့ရဲ့အ​ကြောင်းကို ရိုက်ကူးထားတာပါ။

ရှာ​ဖွေ​ရေးအဖွဲ့တစ်ခုက ​တောင်တစ်ခုမှာ ရှားပါးတဲ့အပင်​ဟာ ​ဆေးဖက်ဝင်တယ် ဆိုတာကို သိရှိပြီး ​နောက်မှာ အဲ့​တောင်​ပေါ်ကိုသွား​ရောက် ရှာ​ဖွေကြပါတယ်။

အဲ့​တောင်​ပေါ်မှာ နှင်းလူသားရှိပြီး အဲ့သတ္တဝါဟာ သူ့နယ်​မြေကိုကာကွယ်ပြီး လူ​တွေကိုနာကျင်​အောင်လုပ်နိုင်ပါတယ်။

ရှာ​ဖွေ​ရေးအဖွဲ့က အဲ့​တောင်​ပေါ်က စခန်းတစ်ခုထဲ​ရောက်ပြီး သူတို့​ရှေ့က ​ရှာ​ဖွေသူ​တွေရဲ့ မှတ်တမ်း​တွေ အသံဖိုင်​တွေကို​တွေ့ခဲ့ပါတယ်။

အဲ့မှတ်တမ်း​တွေက သူတို့ကို အဲ့အပင်ပိုမရှာကြဖို့ ရှာ​ဖွေ​ရေးဆပ်မလုပ်ကြဖို့နဲ့ အန္တရာယ်ရှိ​ကြောင်းသတိ​ပေးထားပါတယ်။

ဒါ​ပေမယ့်သူတို့က ဂရုမစိုက်ပဲ ဆက်လုပ်​ဆောင်ခဲ့ပါတယ်။သူတို့အဖွဲ့မှာ လူ ၅ ​ယောက်ပါပြီး ​​ဒေါက်​တာ စမစ်ဆိုသူက​တော့ အပင်​တွေအ​​ကြောင်းကို ၂ နှစ်​ကျော်​လေ့လာခဲ့ပြီး သူမဟာ ဦး​နှောက်ကင်ဆာ ခံစား​နေရသူပါ။

အဲ့​ကြောင့် သူမကိုယ်တိုင်ရှားပါးအပင်ကို သုံးကြည့်ပြီး အကျိုးသက်​ရောက်ရင် ကမ္ဘာ​ပေါ်က အသက်​ပေါင်းများစွာကို ကယ်တင်ချင်သူပါ။

ဒါ​ပေမယ့် အဖွဲ့ထဲမှာ သ​ဘောထားမတူညီမှု​တွေ၊ အ​ပြောင်းအလဲများစွာနဲ့ ​​နောက်ဆုံးထိ ဘယ်သူ​တွေအသက်ရှင် ကျန်ရစ်မလဲဆိုတာကို ​ထိတ်လန့်ဖွယ်ကြည့်ရှူရမယ့် ဇာတ်ကား​​ကောင်းဖြစ်ပါတယ်။

0 comments:

Post a Comment