A Street Cat Named Bob (2016)

Rating : 7.3/10
Country : United State
Genre :  Biography, Drama, Family
Cast : Luke Treadaway, Bob the Cat, Ruta Gedmintas
Released Date : 2016
Duration :   1h 43min

 ဇတ်လမ်းပုံစံကတော့ ဆေးစွဲပြီး လမ်းစ ပျောက်နေတဲ့ ဂျိန်း ဟာ ငယ်ရွယ်ပေမယ့်သူ့ ဘဝ က မူးယစ်သားကောင်ဖြစ်နေပြီး မူးယစ်ဆေးမှာ နစ်မွန်းနေပါတယ်ဒါကို ကယ်တင်ဖို့ မူးယစ်ဆေး ဖြတ်ဖို့ ကူညီပေးတဲ့ ဌာန မှ ဗယ်လ် က ဂျိန်း ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်…ဂျိန်း သည် အလွန်းဆိုးဝါး လွန်းတဲ့ အတွက် ဖခင် ဖြစ်သူ ကိုယ်တိုင် အဖက်မလုပ်တော့ပဲ အိမ်မှ နှင်ချထားတာဖြစ်ပြီး၀မ်းရေးအတွက် လမ်းဘေးတွင် ဂစ်တာတီး သီချင်းဆိုရင်း အလှူခံနေရသူ ဖြစ်ပါတယ်…ညအိပ်စရာဆိုလဲ တွေ့ရာနေရာအိပ် အလှူခံမရတဲ့နေ့တွေဆိုရင် အမှိုက်ပုံးများမှ အစားကျွင်းကျန်များရှာဖွေစားသောက်ရသည် အထိဘဝ က ဆိုးဝါးလွန်းပါတယ်….တစ်ရက်မှာတော့ ဂျိန်း ဆေးဖြတ်ဖို့ အတွက် ဗယ်လ် မှ အခန်းသေးသေးလေး တစ်ခု လူမှု ကယ်ဆယ်ရေးအဖွဲ့မှတောင်းဆိုပေးခဲ့ပြီး တည်တည်ငြိမ်ငြိမ် နေထိုင် ဆေးဖြတ်နိုင်ရန် ဆောင်ရွတ်ပေးခဲ့ပါတယ်…တစ်နေ့မှာတော့ သူ့ အိမ်ထဲ နောက်ဖေး မီးဖိုချောင်မှ တဆင့် မဖိတ်ခေါ်ပဲ ဝင်ရောက်လာတဲ့ ဧည့်သယ်လေးတစ်ယောက် ရောက်ရှိလာပါတော့တယ် သူကတော့ ကြောင်ဝါလေး Bob ပဲ ဖြစ်ပါတယ်…Bob ရောက်လာကတည်းက ဂျိန်း ဟာ မူးယစ်ဆေးဝါး ဘက်ကို စိတ်မဝင်စား သူ့အချိန်အားလုံးကို Bob အတွက်မြုတ်နှံထားလိုက်ပါတော့တယ်…..  ကျနော်တို့ ကြောင်လေးတွေကို ချစ်တာထက် သူပိုချစ်နိုင်ခဲ့ပါတယ်…ဒါပေမယ့် ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေက ဂျိန်း နဲ့ Bob တို့ ၂ ဦးကို ဘယ်လို ဒုက္ခတွေ ဝေဒနာတွေ ပေးမလဲပျော်ရွှင်စေရမလဲ ဆိုတာတော့ အညွှန်းလေးကို ဖတ်တာရပ်ပြီး ကြည့်ရှုလိုက်ကြပါစို့…..

0 comments:

Post a Comment