Rating : 6.1/10
Country : United State
Genre : Comedy, Drama, Romance
Cast : Tom Hanks, Omar Elba, Sarita Choudhury
Released Date : 2016
Duration : 1h 38min
Country : United State
Genre : Comedy, Drama, Romance
Cast : Tom Hanks, Omar Elba, Sarita Choudhury
Released Date : 2016
Duration : 1h 38min
Tom Tykwer က Perfume: The Story of a Murderer (2006) (အရပ္အေခၚေရေမႊးကား) ၊ Run Lola Run (1998) တို့လို ဇာတ်အိမ်သိမ်မွေ့နက်နဲေကာင်းမွန်လှတဲ့ နာမည်ေကျာ်ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင်ဆိုတော့ သူ့အရည်အချင်းကို သံသယဖြစ်စရာလိုမယ်တောင်မထင်ပါဘူး။ ဒါပေမယ့် Music Composer တစ်ယောက်လည်းဖြစ်တဲ့ Tom Tykwer ရဲ့ တင်ပြချက်တွေဟာ ဖမ်းဆုပ်ရခက်ပါတယ်။ ဥပမာ Tom Hanks ရဲ့ ပရိတ်သတ်စစ်စစ်ပါဆိုတဲ့ ကျွန်တော်တောင် Tom Hanks နဲ့ပဲ သူရိုက္ကုူးခဲ့တဲ့ Cloud Atlas လိုရုပ်ရှင်မျိုးကိုေတာ့ ခံစားရခက်ခဲတယ်။ ဒဲ့ ဝန်ခံရရင် ဘာကိုဆိုလိုချင်မှန်းမသိဘူးပေါ့ဗျာ။ ကိုယ်ဉာဏ်မမှီတာဖြစ်မှာပါ။
A Hologram for the King ဆိုတဲ့စိတ်ဝင်စားစရာေကာင်းတဲ့ Title အောက်မှာ Tom Hanks နဲ့တွဲတွေ့ရတော့ အရမ်းြကည့်ချင်မိပေမယ့် Tom Tykwer ကိုတော့ လန့်နေမိတာပေါ့..
တကယ်ြကည့်တော့ အထင်နဲ့အမြင်လွဲမှားလောက်အောင်ကို ဇာတ်လမ်းရသပေးပါတယ်။
ဘ၀၊မိသားစု၊ကျန်းမာရေး၊စီးပွါးရေး တွေစသဖြင့်စသဖြင့်ကို ရှုထောင့်တမျိုးကနေပညာသားပါပါပြသွားတဲ့ တန်းမြင့် Drama ရုပ်ရှင်ပါ။ ဇာတ်လမ်းတည်တာကလည်း ဘာသာရေးစည်းမျဉ်းတွေ အရမ်းကျပ်တည်းရှုပ်ထွေးလွန်းလှတဲ့ ဆော်ဒီလိုနိုင်ငံမျိုးမှာ စီးပွါးရေးသွားလုပ်ရတဲ့ အမေရိကန်စီးပွါးရေးသမား တစ်ယောက္ရဲ႕အေၾကာင်းနဲ့ဆိုတော့ .. မိနစ်တိုင်းလုံးဝစိတ်ဝင်စားစရာတွေဖြစ်နေတာ။ ဒဲ့ပြောရရင် ဒီအေြကာင်းအရာတွေဟာ ရုပ်ရှင်တွေထဲမှာမြင်တွေ့လေ့မရှိပါဘူး။

0 comments:
Post a Comment