Rating : 7.4/10
Country : United State
Genre : Action, Adventure, Sci-Fi
Cast : Hugh Jackman,Patrick Stewart,Ian McKellen
Released Date : 2000
Duration : 1h 44min
ဒီဇာတ်ကားဟာ X-Men ဇာတ်ကားကို ကျနော်စကြည့်ဖူးတဲ့ ဇာတ်ကားပါ ဒီဇာတ်ကားဟာ X-Men timeline အနေနဲ့ပြောရရင် timeline အလည်လောက်က အဖြစ်အပျက်တွေကို ရိုက်ကူး ဖေါ်ပြထားတာဖြစ်ပါတယ် ဒီဇာတ်ကားကတော့ အားရစရာပါ IMDb 7.4 ရရှိထားခဲ့ပါတယ် ခရမ်းချဉ်သီးကတော့ 7.5 ပါ ဒါလည်း အတော်မြင့်တဲ့ rating ပါ ဇာတ်လမ်းအကြောင်းနည်းနည်းညွှန်းရရင်တော့ X-Men Origins: Wolverine ထဲမှာ အတိတ်မေ့သွားတဲ့ လိုဂန်တစ်ယောက် မြေအောက် ြကိုးဝိုင်းလက်ဝှေ့ပွဲတွေမှာ ကျင်လည်ရင်း သူ့အတိတ်ကိုပြန်သတိရဖို့ ကြိုးစားနေခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ ပရော်ဖက်ဆာ ချားလ်စ်ဇေးဗီးယားကလည်း သန္ဓေပြောင်းလူသားတွေအတွက် နားခိုရာ ကျောင်းကြီးတည်ဆောက်လို့ လူသားတွေနဲ့ သန္ဓေပြောင်းလူသားတွေကြားက ရန်လိုမှု့တွေကို အစွမ်းကုန်ကြိုးစားနားလည်မှု့တည်ဆောက်နေခဲ့တဲ့အချိန်ငယ်စဉ်ကလေးဘဝကတည်းက လူသားတွေကြောင့် စိတ်ဒါဏ်ရာအကြီးအကျယ်ရခဲ့ပြီး ဘယ်လောက်ပဲ ကောင်းအောင်နေခဲ့နေခဲ့ ကံတရားက မျက်နှာသာပေးခြင်းမခံခဲ့ရတဲ့ မက်ဂနီတိုတစ်ယောက် သန္ဓေပြောင်းလူသားတွေရဲ့ ခံစားချက်ကို လူသာမန်တွေ နားလည်နိုင်အောင် လုပ်ပြမယ်ဆိုတဲ့ စစ်ပွဲကိုဦးတည့်သွားစေနိုင်မယ့် လုပ်ဆောင်မှု့တွေ ဖန်တီးတော့မယ့် အချိန် အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်တို့ ထိပ်တိုက်တွေ့ရင်း….X-Men ဇာတ်ကောင်စရိုက်အစုံ ဇာတ်အိမ်ကို အကျစ်လစ်ဆုံးနဲ့ နားလည်နိုင်အောင် ရိုက်ပြသွားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ ဒါကိုလည်း ဇာတ်လမ်းသဘောနဲ့ အတတ်နိုင်ဆုံး တူညီအောင် ဘာသာပြန်ပေးလိုက်ပါတယ် X-Men ပရိတ်သတ်များ စိတ်တိုင်းကျမှု့မရှိခဲ့ပါက ကျနော့်အမှားသီးသန့်သာဖြစ်ေကြာင်း
0 comments:
Post a Comment