To Your Last Death (2019)

Rating : 5.4/10
Country : United State
Genre : Animation, Action, Horror 
Cast : Morena Baccarin, William Shatner
Released Date : 2019
Duration : 1h 31min 

psycho_thriller ကိုမှ ကြိုက်တဲ့သူတွေအတွက် ကားကောင်းလေးပါပဲ။

ဆိုင်ရပ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်ဟာ သူ့သားသမီးတွေကို အကြမ်းဖက်ပြီး နှိပ်စက်ခဲ့ပါတယ်။ ဒါတွေကို သူ့သားသမီးတွေက သူရွေးကောက်ပွဲဝင်နေစဥ် ပြည်သူတွေကို ပြောပြခဲ့ပါတယ်။
အဲ့ဒီဖြစ်ရပ်ကြောင့် ဆိုင်ရပ်ဟာ ရွေးကောက်ပွဲ ရှုံးခဲ့ရပါတယ်။ အဲ့ဒီအတွက် မကျေနပ်နိုင်တဲ့ ဆိုင်ရပ်ဟာ လက်စားချေဖို့ ကြံစည်ခဲ့ပါတယ်။ သူဟာ ရောဂါရှိဟန်ဆောင်ပြီး သားသမီးလေးယောက်ကို ခေါ်ခဲ့ပါတယ်။ သူ့အစီအစဥ်ကတော့ သူတို့လေးယောက်ကို ​ထောင်ချောက်ဆင်ပြီး သတ်ဖို့ပါပဲ။ အဲ့ဒီအဖြစ်ဆိုးကနေ သမီးအကြီးဆုံး မီရီယမ်ပဲ ရှင်သန်ခဲ့ပါတယ်။ အဲ့အချိန်မှာ မီရီယမ်ဟာ ထူးဆန်းတဲ့အဖြစ်ကို ကြုံတွေခဲ့ရပါတယ်။ အဲ့တာကတော့ သူမက အဲ့ဒီနေ့က အဖြစ်တွေကို ခဏခဏပြန်ရောက်သွားတာပါပဲ။

အဲ့လိုပြန်ရောက်သွားချိန်မှာ မီရီယမ်တစ်ယောက် သူမရဲ့ မောင်နှမတွေကို ကယ်နိုင်ပါ့မလား။ အနိုင်ရပါ့မလား ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်မြင်ရမှာပါ။

0 comments:

Post a Comment