The Umbrella Academy (2019-Ongoing)

Season (1) - 10 Episodes

Rating : 8/10
Country : United State
Genre :  Superhero Fiction, Science Fiction, Dama
Cast : Ellen Page. Tom Hopper. David Castañeda. Emmy Raver-Lampman. Robert Sheehan. Aidan Gallagher. Mary J. Blige. Cameron Britton.
Released Date : 2019-Ongoing

1989 ခုနစ်က ရက်တစ်ရက်၊ ကမ္ဘာတစ်ဝန်းမှာ ကလေး ၄၃ ယောက်ဟာ ထူးဆန်းစွာမွေးဖွားခဲ့ပါတယ်။ မိခင်ဖြစ်သူတွေက အဲဒီနေ့ကျမှ ချက်ချင်းကိုယ်ဝန်ရပြီး ချက်ချင်းမီးဖွားခဲ့တာပါ။ မွေးဖွားခဲ့တဲ့ကလေးတွေမှာ ထူးခြားစွမ်းအင် ကိုယ်စီပါလာပါတယ်။ ဒီကလေးတွေကို သူဌေးကြီးတစ်ယောက်က လိုက်ရှာခဲ့ပြီး သူတို့ထဲကမှ (၇) ယောက်ကို မွေးစားနိုင်ခဲ့ပါတယ်။ Superhero တွေအဖြစ် ကြီးပြင်းဖို့အတွက် The Umbrella Academy မှာ ပညာသင်ပေးခဲ့တယ်။ အချိန်တွေကြာ၊ ကလေးတွေကြီးလို့ သူဌေးကြီးဆုံးပါးသွားတဲ့အခါမှာတော့ ကျန်သားသမီးတွေဟာ သူတို့အဖေကြီး သွေးရိုးသားရိုးဆုံးတာ ဟုတ်မဟုတ် ရှာဖွေစုံစမ်းရင်း ကမ္ဘာပျက်မဲ့ရန်ကိုပါ ဝင်ကယ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
Review (Minor Spoiler Alert)
Trailer လောက်ကြည့်ကြည့်ရင် ခပ်ပေါ့ပေါ့လောက်ပဲဖြစ်မဲ့ X-Men ripoff ဇာတ်လမ်းတွဲလို့ ထင်ရပေမဲ့ ထင်ထားတာထက် အများကြီးကြည့်ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ တစ်တွဲလုံးမှာ အကောင်းဆုံးအချက်ကတော့ character development ဖြစ်မယ်ထင်ပါတယ်။ ဒီတစ်ယောက် တစ်မျိုးလွဲနေတဲ့၊ အချင်းချင်းလည်းမတည့်ကြတဲ့ ဗြောက်သောက်မောင်နှမတစ်သိုက်လုံးကို သေချာပြသွားနိုင်ရုံမက သူတို့ကို လိုက်ရန်ရှာနေတဲ့ လူသတ်သမား ၂ ယောက်တို့ကိုပါ ရင်ထဲထိအောင်၊ ခံစားမိအောင် တင်ဆက်သွားတယ်။ Superhero ကားအများစုမှာတွေ့ရတတ်တဲ့ အာဏာလိုချင်လို့၊ စွမ်းအားလိုချင်လို့၊ လက်စားချေချင်လို့ စတဲ့ ခေါက်ရိုးကျိုး villain တွေမျိုးမဟုတ်ဘဲ ကိုယ်ချင်းစာ ခံစားပေးနိုင်လောက်တဲ့ ရန်သူမျိုးတွေ ထည့်ပြသွားတယ်။ Cha Cha တို့ ၂ ယောက်သား အမိန့်စာတွေရလို့ တောစပ်ရောက်သွားတဲ့အချိန်မှာလည်း ကိုယ့်ဇာတ်လိုက်ကျော်တွေကို လိုက်ဒုက္ခပေးနေတဲ့ကောင်တွေကို သနားမိသလိုလိုလည်းဖြစ်၊ သူတို့ရဲ့ အချစ်ဇာတ်လမ်းမှာလည်း မိုက်တယ်ဟ ဆိုပြီး တွေးမိအောင်လည်း ဖြစ်ပါတယ်။
Umbrella မောင်နှမတွေထဲမှာတော့ လူကြိုက်အများဆုံးက Number 5 နဲ့ Klaus တို့လို့ ပြောရမှာပါ။ အသက်က ၆၀ လောက်နီးနေပေမဲ့ ကလေးခန္ဒာကိုယ်မှာရောက်နေရတဲ့ Number 5 က ချစ်ဖို့လည်းကောင်း၊ အထာလည်းကျ။ ဆေးသမားအခြောက် Klaus ရဲ့ တလွဲပြောစကားတွေ၊ တစ်ချက်တစ်ချက် ဝင်ဖေါက်တာတွေ၊ အပြုအမူတွေက တစ်တွဲလုံးမှာ ပေါတဲ့ဘက်မရောက်ဘဲ ပေါ့ပေါ့ပါးပါး အရသာလေးတွေ မြင်ရမှာဖြစ်သလို သနားစရာလည်း တော်တော်ကောင်းတဲ့ကောင်။ ၂ ယောက်လုံးရဲ့ acting တွေကလည်း လန်ထွက်။ သူတို့ မောင်နှမတွေကြားက relationship ကိုပြသွားတာလည်း တော်တော်မိုက်ပါတယ်။ သာမန်ကားတွေမှာ မပြောကြတဲ့ မောင်နှမတွေလောက်ပဲပြောမဲ့ စကားမျိုးတွေ ထည့်ထားတယ်။ သဘာဝကျတယ်။ အပေါ်မှာပြောခဲ့သလိုပဲ။ ဟာသဖေါက်လိုက်လို့ လက်ရှိအရသာပျက်သွားတာမျိုးမရှိဘူး။
Series ရဲ့ နောက်ထပ်အကောင်းဆုံးအချက်တစ်ခုက music ပါ။ သီချင်းရွေးထားတာတွေ တော်တော်မိုက်တယ်။ Camera work တွေလည်း မိုက်တယ်။ ရိုက်ချက်တွေတော်တေ်ာများများက သာမန်မဟုတ်ဘဲ တော်တော်လေး ဆန်းသစ်ထားတဲ့ creative ဖြစ်တာတွေ တွေ့ရတယ်။ ဇာတ်လမ်းစ စာတန်းထိုးတဲ့အခါလည်း Umbrella Academy ဆိုတာကို တစ်ပိုင်းနဲ့တစ်ပိုင်း မတူအောင် ပြသွားတာလေးလည်း မိုက်တယ်။
ဇာတ်လမ်းပိုင်းမှာလည်း အစပိုင်း ဘာမဟုတ်တာကနေ တော်တော်ကြီးများကျယ်ပြန့်လှတဲ့ဇာတ်အိမ်ဆီကို ခေါ်ဆောင်သွားနိုင်ခဲ့တယ်။ ကမ္ဘာမပျက်ခင် ကယ်ဖို့ ဝိုင်းကြိုးစားကြတဲ့အခါ character development တွေလည်း လုပ်နေရတဲ့အတွက် အရမ်းကြီးတော့ smooth မဖြစ်ခဲ့ဘူး။ အချိန်တွေ မလိုအပ်ဘဲ ကုန်နေသလို မကြာသင့်ဘဲ ကြာနေသလိုမျိုး ခံစားရတယ်။ ဒါပေမဲ့ ဘာမှမပြောပလောက်ပါဘူး။ နောက်ပိုင်း ပေါ်ထွက်လာတဲ့ မြှုပ်ကွက်တွေက အများကြီးကာမိပါတယ်။ Time and Space တွေ တော်တော်လေးကစားထားလို့ ခနခန guess လုပ်နေရတာလည်း အရသာတစ်ခုပဲ။
The Umbrella Academy က Superhero ဇာတ်လမ်းတွဲဆိုပြီး ပါဝါတွေ စွတ်သုံး၊ ဝုန်းဒိုင်းကြဲနေတဲ့ကားမဟုတ်ပါဘူး။ ဒီထက်အများကြီးပိုပါတယ်။ တစ်တွဲလုံးက အရမ်းပေါ့ပါးကြီးလည်းမဟုတ်၊ Watchmen လောက်ကြီးလည်း dead serious မဟုတ်၊ အရမ်းကို balanced ဖြစ်တယ်။ ကြမ်းပြီဆိုရင်လည်း လွှတ်သတ်တယ်။ မထင်ထားတဲ့ကောင်တွေလည်း သွားတာပဲ။ Series ကောင်းကြိုက်တယ်ဆို ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။

0 comments:

Post a Comment