The Mist (2007)

Rating : 7.1/10
Country : United State
Genre : Horror, Sci-Fi 
Cast : Thomas Jane, Marcia Gay Harden, Laurie Holden               
Released Date : 2007
Duration : 2h 6min 

နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့The Mist ဆိုတဲ့ ရုပ်ရှင်ကားပါဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါ
ပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါ စောင်ကို ကွေးနေအောင် ခြုံပါ(FA ဆိုရင်ပေါ့) 😛ကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ… တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်းဝင်ရောက် တိုက်ခက်တဲ့ အချိန်ရေကန်ငယ်လေး ရဲ့ နံဘေးကပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကိုသစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ်မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစုနိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာမြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီးအပျက်အစီးတွေကို ရှင်းလင်းကြရပါတယ်သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက်အစားအသောက်က အရေးကြီးတာကြောင့်အိမ်နီးချင်း တစ်ဦး ရယ် ဒေးဗစ် နဲ့ သူ့ရဲ့ သားငယ်တို့မြို့ထဲက တစ်ခုထဲသော စူပါမားကတ် ကို ထွက်လာခဲ့ပါတယ်လူတိုင်းဟာ အလကား ရသကဲ့သို့ တိုးဝှေ့အလုအယက်ဝယ်နေကြပါတယ်ဒါ့အပြင် မြူခိုးတွေ အကြောင်းနဲ့မြို့လေးရဲ့ တောင်ထိပ်မှာ စစ်တပ်မှ စမ်းသပ်နေတဲ့အနုမြူဓါတ်ပေါင်းဖို ပေါက်ကွဲတာ ဖြစ်နိုင်ကြောင်းအထင်အမြင်များ ဖလှယ်ကြ ပြောကြ နဲ့စကားများ ဖောင်းပွလျက် ရှိပါတယ်ဒီလို နဲ့ သိပ်မကြာခင်ပဲ မြူခိုးများတစ်ဖြေးဖြေး များလာတော့တစ်ချို့က အိမ်မပြန်ရဲတော့ပဲစူပါမားကတ် အတွင်းကသာမြူခိုးများ ပျောက်မလားဆိုပြီး စောင့်နေကြပါတယ်ဒါပေမယ့် သူတို့ ထင်သလို မြူခိုးများ မပျောက်ပဲကြောက်မက်ဖွယ်ကောင်းသော အကောင်များသူတို့ဆီ ရောက်ရှိလာမယ်ဆိုတာကိုမသိခဲ့သော အခါ….

0 comments:

Post a Comment