The Immortal (2019)

Rating : 6.3/10
Country : Italy
Genre :  Crime, Drama 
Cast : Marco D'Amore, Giuseppe Aiello, Salvatore D'Onofrio  
Released Date : 2019
Duration : 1h 56min

ဒုစရိုက်သမား “Ciro Di Marzio” တစ်ယောက်နဲ့ သူရဲ့ ဒုစရိုက်သမားအဖြစ် တွန်းပို့ပေးခဲ့တဲ့ ငယ်ဘဝ အကြောင်းအရာတွေ၊ ရက်စက်တတ်ခြင်းနဲ့ တပြိုင်တည်းမှာပဲ သနားကြင်နာတက်မှုတွေ၊ နတ်ဆိုးတစ်ယောက်ရဲ့ မကောင်းတဲ့စိတ်နဲ့အတူ ဟီးရိုးတစ်ယောက်ကဲ့သို့ အမူအကျင့်တွေပါ မြင်တွေ့ရမယ့်လူသားတစ်ယောက် အကြောင်းတစ်ဖြစ်လဲ L’Immortale(The immortal)။

ဒီဇာတ်ကားက အီတလီ မှုခင်း ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ အောင်မြင်နေတဲ့ TV series တစ်ခုဖြစ်တဲ့ “Gomorrah” ဇာတ်လမ်းရဲ့ sequel နဲ့ prequel ပုံစံဇာတ်ကားတစ်ခုအဖြစ်မြင်တွေ့ရမှာပါ။

အသတ်ခံရပြီး ပင်လယ်ထဲပစ်ချ ခံလိုက်ရတဲ့ “Ciro” ဆိုတဲ့ ဘဲကြီးကို တံငါသည်တစ်ခုကယ်ဆယ် ပြီး ပြန်လည်မွေးဖွားခြင်း နဲ့အတူ အရင်ကဖြစ်ပျက်ခဲ့တဲ့ ငလျင်ထဲက ခလေးလေးတစ်ယောက် အသက်ရှင်ကျန်ခဲ့တဲ့ အတိတ်က မွေးဖွားခြင်းနဲ့ ယှဉ်ပြထားပါတယ်။ ဘဝသစ်ကို စတင်နေတဲ့ “Ciro” တစ်ယောက် ကို သူ့ငယ်ဘဝ မှာ သူ့ကို ဒုစရိုက်သမားဘဝ အဖြစ်အရောက်ပို့တဲ့အကြောင်းအရားတွေ နဲ့ အခုချိန် လက်စားချေနေပုံတွေကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ ခံစားကြည့်ကျပါဦးဗျာ။

0 comments:

Post a Comment