The Alienist (2018-Ongoing)

Season (1) - 10 Episodes

Rating : 7/10
Country : United State
Genre :  Crime
Cast : Daniel Brühl. Laszlo Kreizler. Luke Evans. Brian Geraghty. Theodore Roosevelt. Robert Wisdom. Douglas Smith. Marcus Isaacson. Matthew Shear. Q'orianka Kilcher. Mary Palmer.
Released Date : 2018-Ongoing

19ရာစုတုန်းက Psychologist တွေကို Alienist လို့ ခေါ်ပါတယ်။ ၂၀ရာစုပြောင်းခါနီး နှစ်ပိုင်းအလို နယူးယောက်မြို့မှာ အရွယ်မရောက်သေးတဲ့ ယောက်ျားလေး ပြည့်တန်ဆာတွေကို ရက်ရက်စက်စက် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လိုက်သတ်တဲ့ serial killer တစ်ယောက် ပေါ်လာပါတယ်။ ဒီလူကို လိုက်ဖမ်းဖို့ ရဲမှူးကြီး Teddy Roosevelt၊ သတင်းစာမှာ ပုံဆွဲတဲ့ John Moore၊ ရဲမှူးကြီးရဲ့ ခေါင်းမာတဲ့ စက္ကရီတေရီ Sara Howard နဲ့ Alienist (Criminal Psychologist) Dr. Laszlo Kreizler တို့ဟာ မပူးပေါင်းသလိုလို ပူးပေါင်းသလိုလိုနဲ့ ကြိုးစားကြမှာပါ။
-Review-
Sherlock ဆန်ဆန် ရိုက်ကူးမှုကို ၁၉ရာစု အမေရိကန် ဆက်တင်နဲ့ဆိုတော့ အတော် charming ဖြစ်ပါတယ်။ ဇာတ်လမ်းကလဲ catchy ဖြစ်တယ်။ နောက်ပြီး Psychology ရဲ့ အစောပိုင်း ကာလကို မြင်ရတာနဲ့တင် တန်ပါတယ်။ Psychology တင်မကဘူး၊ အခြားကိစ္စတွေမှာလဲ ခုခေတ်နဲ့ယှဉ်ရင် ဘယ်က စ ခဲ့တယ် ဆိုတာမျိုး မြင်ရမှာ။ ခုချိန်မှာ မဆန်းတော့ပေမယ့် အဲ့တုန်းက သိပ်ဆန်းနေတာတွေ (ဥပမာ တယ်လီဖုန်း) အဲ့လိုမျိုးတွေကို ထည့်ထားတာ မိုက်တယ်။ ရိုက်ပုံ ရိုက်ချက်လေးတွေ လှတယ်။ စကားပြောတာ ရှင်းတယ်။ ဇာတ်လမ်းသွား သွက်တယ်။ Character Development ကောင်းတယ်။ Season 1 မှာ ၁၀ပိုင်းရှိတာ တစ်ပိုင်းထက် တစ်ပိုင်း Character တွေက ပိုပြီး ရုပ်လုံးပေါ်လာတယ်။ ဆိုတော့ binge watch လုပ်ရင်းနဲ့ ပျင်းမသွားဘူး။
ပြချက်တွေကတော့ ကြမ်းတယ်။ သတ်ခံရတဲ့ပုံတွေ ပြတာ ဘွင်းဘွင်းကြီးတွေ။ သွေးမကြည့်ရဲတဲ့သူတွေနဲ့ ကိုယ်အပိုင်းပိုင်းပြတ်တွေ ဗိုက်အပွင့်ကြီးတွေ မကြည့်ရဲတဲ့သူတွေတော့ ကြည့်နိုင်မှာ မဟုတ်ဘူး။ တစ်ချက်တစ်ချက် ပါလာတဲ့ jargons တွေကိုပါ နားလည်ရင်တော့ ကြည့်ရတာ ပိုသွက်တာပေါ့။
Cast ကလဲ မိုက်တယ်။ Daniel Bruhl, Dakota Fanning, Luke Evans တို့က ဇာတ်ကောင်နဲ့ အကိုက်လိုပဲ။
Netflix မှာ ရှိပါတယ်။ Season 2 လဲ ထွက်တော့မယ် ပြောတယ်။

0 comments:

Post a Comment