The 100 (2014-Ongoing)

Season (1) - 13 Episodes
Season (2) - 16 Episodes
Season (3) - 16 Episodes
Season (4) - 13 Episodes
Season (5) - 13 Episodes
Season (6) - 13 Episodes

Rating : 7.7/10
Country : United State
Genre :  Science Fiction, Drama
Cast : Eliza Taylor, Paige Turco, Bob Morley, Marie Avgeropoulos, Devon Bostick, Christopher Larkin, Lindsey Morgan, Richard Harmon.
Released Date : 2014-Ongoing

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၇ နှစ်က ကမ္ဘာဟာ နျူကလီးယား စစ်ပွဲတွေ ဖြစ်ပြီး ရေဒီယို သတ္တိကြွအဆိပ် တွေ နေရာတကာ သင့်သွားခဲ့ပြီး လူနေလို့ မရတော့တဲ့ ဂြိုလ်တစ်ခု သာသာဖြစ်သွားခဲ့ပါတော့တယ် ။
ဒီလို နျူကလီးယား စစ်ပွဲတွေ မဖြစ်ခင်မှာ နိုင်ငံပေါင်း ၁၂ နိုင်ငံက ကြိုတင်ပြီး အာကာသ စခန်းတွေ ဆောက်လုပ်ထားပြီး အခြေအနေမဟန်တော့ အာကာသ ထဲထွက်ပြေးခဲ့ကြတာပေါ့ ။
နောက်ပိုင်းမှာ နိုင်ငံ ၁၂ နိုင်ငံက အာကာသ စခန်းတွေ ဟာ တစ်ခုတည်းအဖြစ်ပေါင်းစပ်လိုက်ပြီး Ark ဟု အမည်တွင်ခေါ်ဆိုစေခဲ့ပြီး အေးတူပူမျှ လူမျိုးရေးဘာသာရေးမခွဲဘဲ ပေါင်းစည်း နေထိုင်ခဲ့ကျတယ် ။
သိပ္ပံဆိုင်ရာ တွက်ချက်မှုတွေ ဟောကိန်းတွေ အရ ရေဒီယို သတ္တိကြွမှုဟာ နှစ် ၁၀၀ မှ ပျယ်ပျောက်မယ်ဆိုတဲ့ အဆိုအမိန့်တွေရ လူသားတွေဟာ ကမ္ဘာဆီကိုလုံးဝပြန်မသွားခဲ့ပါဘူး ။
ဒါပေမဲ့ လယ်ယာ စိုက်ပျိုးလို့မရတဲ့ အာကာသထဲမှာဆိုတော့ ရိက္ခာက အသက်ဘဲလေ ဒါကြောင့် အသက် ၁၈ နှစ်အထက်လူကြီးတွေ ဘာပြစ်မှုဘဲ ကျူးလွန်ကျူးလွန် သေးသေးကြီးကြီး ပြစ်ဒဏ်ကတော့ သေဒဏ်ပါဘဲ ။
ဒါမှလည်း နှစ် ၁၀၀ အာကာသထဲမှာ နေမယ့် ရိက္ခာလောက်မှာပေါ့ ။
ဒါပေမဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေကျတော့ တိုက်ပိတ်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွှန်းပေါ့ ။
နှစ်ပေါင်း ၉၇ နှစ် ကြာပြီး Ark မှာ တိုက်ပိတ်ခံရတဲ့ ကလေးပေါင်း ၁၀၀ ရှိပြီး အဲ့ထဲမှာ "ကလက်ခ်" လို့ခေါ်တဲ့ ရွှေအိုရောင် ဆံပင်လေးနဲ့ Got ထဲက Mother Of Dargon နဲ့ တောင် ခပ်ဆင်ဆင်ရယ် မိန်းကလေးတစ်ယောက်လည်း ပါဝင်ပါတယ် :V
တစ်နေ့တော့ အဲ့ဒီကလေး အယောက် ၁၀၀ ရယ့် ပြစ်မှုတွေ အတွက် ပြစ်ဒဏ်လို့ ခေါင်းစဉ်တပ်ပြီး ကမ္ဘာကို စေလွှတ်ခဲ့ပါတယ် ။
အမှန်တကယ်တော့ အာကာသ စခန်းမှာ နောက် ၃ နှစ်မှ နေမှ နှစ်၁၀၀ ပြည်မှာဖြစ်ပြီး ရိက္ခာကလည်း ၃ လစာလောက်ဘဲကျန်တော့လို့ ဒီ အယောက် ၁၀၀ ကို သေသေရှင်ရှင် ဂရုမစိုက်နိုင်တော့ဘူး မကျွှေးနိုင်တော့ဘူးဆိုပြီး ကမ္ဘာကို ပို့လိုက်တာပါ ။
ကမ္ဘာကို ရောက်သွားရင်လည်း ကမ္ဘာ အခြေအနေက ဘယ်လိုရှိလည်း ပြန်နေထိုင်လို့ရပြီလား အဆိပ်တွေရှိသေးလား စတာတွေကို စစ်ဆေးဖို့ ကလေး အယောက် ၁၀၀ လုံးရယ့် လက်မှာ ကျန်းမာရေးတိုင်းစက်တွေ တပ်ပြီး လွှတ်လိုက်ပါတော့တယ် ။
တတိယ ကမ္ဘာစစ် လက်ထက်မှာ (ကျနော်တို့တော့ တတိယကမ္ဘာစစ်မကြုံရသေးဘူးပေါ့ ဇာတ်လမ်းအရပေါ့) Mount Weather လို့ခေါ်တဲ့ စစ်တပ်သုံး နျူကလီးယား ဗုံခိုကျွင်းဟောင်း တစ်ခုရှိပါတယ် ။
လွန်ခဲ့တဲ့ ၉၇နှစ်က မှတ်တမ်းတွေအရ အဲ့ဒီမှာ ရိက္ခာတွေ အပြည့်ရှိခဲ့တယ်ဆိုပြီး အဲ့ကို ချပေးလိုက်ပါတော့တယ် ။
ဖြစ်ခြင်တော့ လမ်းခုလမ်းလတ်မှာတင် ကလေးတွေကို ပို့ပေးတဲ့ အာကာသယဉ်ငယ် ချို့ယွင်းပြီး နေရာမှားကျပါတော့တယ် Ark နဲ့လည်း အဆက်အသွယ်ပြတ်တောက်သွားပါတော့တယ် ။
Ark ကနေ အခြေအနေကြည့်လို့ရတာဆိုလို လက်ပတ်တွေက ပြနေတဲ့ သွေးခုန်နှုန်းတွေပါဘဲ ။
လူငယ်လေးတွေလည်း ကမ္ဘာမြေရောက်တော့ ကမ္ဘာမှာ အဆိပ်တောက်တွေ မရှိတော့ပါဘူး လူနေလို့ရနေပါပြီ ။
ကမ္ဘာမြေကြီးက သူတို့အတွက် အရမ်းကို ထူးဆန်းနေလို့ သူတို့တွေ အရမ်းပျော်သွားကျတယ် ရှေ့မှာတွေ့ကြုံရမယ့် အန္တရယ်တွေကိုမတွေ့ရသေးခင်ပေ့ါ ။
ပထမဦးဆုံး သူတို့အတွက် အခက်အခဲကတော့ ရိက္ခာပါဘဲ ဒီတော့ ရိက္ခာသွားယူကျမယ်ဆိုပြီး "ကလက်ခ်" အပါဝင် လူ ၅ ယောက်ဟာ Mount Weather ဆီကို သွားခဲ့ပါတော့တယ် ။
ကျန်တဲ့လူတွေက တော့ အာကာသ ယာဉ် နားမှာဘဲနေခဲ့တာပေါ့ ။
ပြောလို့ပြောတာမဟုတ်ဘူး "ကလက်ခ်" က တောကီကြွယ်တယ်ဗျ သူမ ပြောတဲ့ စကားလုံးတွေ က စိတ်ပါရင် ကြွေပါဆင်းသွားလို့ရတယ် XD
"ကလက်ခ်" တို့ထွက်သွားပြီနောက်မှာ ကျန်တဲ့အဖွဲ့ကလူတစ်ယောက်က လူတွေ စည်းရုံးပါတော့တယ် "ကလက်ခ်" သာရှိနေရင် သူလုပ်လို့ရမှာမဟုတ်ဘူး
"ငါတို့က အာကာသစခန်းမှာဆို ရာဇဝတ်သားတွေ ၊ သူတို့က ငါတို့ကို တစ်သက်လုံးအကျဉ်းချထားတာ ဒါကြောင့် ဒီကမ္ဘာမြေကြီးကို ငါတို့ပိုင်ဆိုင်သင့်တယ် ။
ဒီလက်ပတ်တွေကိုသာ ဖြုတ်လိုက်ရင် ငါတို့ သေသွားပြီလို့ သူတို့ ထင်သွားကြမယ် ၊ ကမ္ဘာဟာ လူနေလို့ မရသေးဘူးထင်ပြီး သူတို့လည်း လိုက်လာမှာမဟုတ်ဘူး ။
ဒါကြောင့် လက်ပတ်တွေ ချွတ်ကျမယ် " ဆိုပြီး ငှာန ချုပ်နဲ့ နောက်ဆုံး အဆက်အသွယ်ဖြစ်တဲ့ လက်ပတ်တွေကိုပါ ချွတ်လိုက်ပါတော့တယ် ။
ဒါဟာ သူတို့ရယ့် ဘေးပတ်ဝန်းကျင် အခြေအနေမှာ ဘာတွေ ဖြစ်နေလည်းဆိုတာ မလေ့လာ မစမ်းစစ်ဘဲ နွားခြေရာခွက်ထဲက ဖား သူငယ် အကွက်နင်းလိုက်တာပါ ။
ကမ္ဘာမြေမှာ နင်းလို့ရတယ် ဒီလေကို ရှုလို့ရတယ်ဆိုတဲ့ အသိလေးတစ်ခုနဲ့ ငါ့အပိုင်လို့တွက်လိုက်တာကိုဗျာ 
"ကလက်ခ်" တို ၅ ယောက်ကလည်း သူတို့ သွားရာလမ်းတစ်လျှောက် ကြုံတွေ့ရမယ့် အရာတွေဟာ မျက်မှောက်ခေတ် ကျနော်တို့ ကမ္ဘာကြီးလို့ မဟုတ်တော့ပါဘူး
ရေဒီယို သတ္တိကြွမှုတွေကြောင့် ကျနော်တို့ ကမ္ဘာမြေကြီး ဟာ ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ ထူးခြားဆန်းကြယ်မှုတွေ ပြည့်နက်နေပါပြီ ........

0 comments:

Post a Comment