Sex Education (2019-Ongoing)

Season (1) - 8 Episodes
Season (2) - 8 Episodes

Rating : 8.3/10
Country : British
Genre :  Comedy, Drama, Sex Comedy, Teen Drama
Cast : Asa Butterfield. Gillian Anderson. Ncuti Gatwa. Emma Mackey. Connor Swindells. Kedar Williams-Stirling. Aimee Lou Wood. Alistair Petrie.
Released Date : 2019-Ongoing

အရွယ်ရောက်ပြီးသားလူတွေအတွက်တော့ဒီစီးရီကပုံမှန်18+အခန်းတွေအများကြီးပါတဲ့ဟာသစီးရီးတစ်ခုပါပဲ
ဒါပေမယ့်အခုချိန်ထိလိင်ပိုင်းဆိုင်ရာကိုသေချာရေရေရာရာမသိသေးတဲ့လူတွေအတွက်တော့
လိင်ပညာပေးစာအုပ်၁၀အုပ်လောက်နဲ့ညီသွားနိုင်ပါတယ်
ကျွန်တော်တို့နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ကိုးကွယ်တဲ့ဘာသာအရလိင်ကိစ္စဟာ ဂုဏ်ယူစရာကိစ္စမဟုတ်သလိုစူးစမ်းသင့်တဲ့ကိစ္စလည်းမဟုတ်ပါဘူး အဲ့အတွက်ကြောင့်safe sexကိုတောင်သေချာမသိလို့ပြသနာတက်နေကြတာတွေလည်း အခုထိရှိပါသေးတယ်
သူတို့နိုင်ငံကဆယ်ကျော်သက်တွေရဲ့sex lifeကရော ဘယ်လိုမျိုးလဲ ပြီးတော့ဆယ်ကျော်သက်တွေအဓိကပြသနာတွေကိုဘယ်လိုရှင်းရမလဲဆိုတာဒီစီးရီးမှာအကုန်မြင်နိုင်ပါတယ်
ဟာသစီးရီးဖြစ်တာကြောင့်ပျင်းဖို့လည်းလုံးဝမကောင်းတဲ့အပြင်တက်သစ်စသရုပ်ဆောင်တွေရဲ့ရုပ်ရည်နဲ့ပီပြင်မှုတွေကစီးရီးတစ်ခုလုံးကိုပြည့်စုံနေစေပါတယ်ဇာတ်လမ်းပုံစံကတော့ အိုတစ်ဆိုတဲ့ကောင်လေးဟာတစ်ကိုယ်ရည်အာသာဖြေလို့မရပါဘူး သူရဲ့အမေကလိင်ပိုင်းဆိုင်ရာအကြံပေးဖြစ်ပြီးသူ့နေ့စဉ်ဘဝကိုအဲ့အရာကအတော်သက်ရောက်နေပါတယ် မမျှော်လင့်ပဲသူတို့ကျောင်းကသူငယ်ချင်းတစ်ယောက်ဘောကြီးချင်လို့ecee2သုံးလုံးသောက်မိပြီး အဆမတန်ကြီးသွားတာကိုမေ့ဖ်လို့ခေါ်တဲ့ကောင်မလေးနဲ့အတူတွေ့သွားပါတော့တယ် ဘာလို့သောက်မိလဲဆိုတာကိုပြန်ရှင်းပြတဲ့အခါမှာတော့သုတ်မလွှတ်နိုင်တဲ့ပြသနာရှိနေကြောင်း ဆေးသောက်လိုက်ရင်သုတ်လွှတ်နိုင်မယ့်ထင်လို့သောက်မိကြောင်းပြောပြပါတော့တယ်
အိုတစ်ဟာသူ့အမေရဲ့ဆွေးနွေးတဲ့ပုံစံကိုနေ့တိုင်းကြားပြီးအဲ့ကောင်လေးကိုစကားပြောပေးပါတယ်
ပါလာတဲ့ပါရမီကြောင့်ပဲပြောရမလားမသိပေမယ့်သုတ်လွှတ်နိုင်သွားပါတယ် မေ့ဖ်ဟာအဲ့ပါရမီကိုသတိထားမိပြီးသူတို့နှစ်ယောက်စပ်တူလုပ်ငန်းတစ်ခုကိုထူထောင်လိုက်ပါတော့တယ် အဲ့တာကေတာ့SEX EDUCATIONပါပဲ

0 comments:

Post a Comment