AVP: Alien vs. Predator (2004)

Rating : 5.6/10
Country : United State
Genre :   Action, Adventure, Horror 
Cast :  Sanaa Lathan, Raoul Bova, Lance Henriksen
Released Date : 2004
Duration :   1h 41min 

Predator ဆိုတဲ့ ရုပ်ဆိုးဆိုး ဂြိုလ်သားတွေကိုတော့ ရင်းနှီးနေမှာပေါ့နော်သူတို့ တွေဟာ လူသားတွေထက် ခေတ်လွန်သိပ္ပံနည်းပညာ တွေ တက်မြောက်ထားပြီးပိုပြီး ဉာဏ်ရည်မြင့်မားတဲ့ ဂြိုလ်သားတွေပါ…သူတို့ အမဲလိုက်တဲ့ ဂြိုလ်သား တွေ ရှိပါသေးတယ် အဲ့ဒီအကောင်တွေကိုတော့ Alien လို့ ခေါ်ပြီး
ရိုင်းစိုင်း ဆိုးသွမ်းပြီး အမြဲတမ်း သက်ချင် ဖြတ်ချင်စိတ်ပဲ ရှိနေတဲ့ ကောင်တွေပါ…ဒီဇတ်လမ်းမှာတော့ Predator တွေနဲ့ Alien တွေကြား ဝင်ပါရမယ့် လူသားတွေအကြောင်း ကို ကြည့်ရမှာဖြစ်ပါတယ်ဇတ်လမ်း ပုံစံကတော့ သူဌေးကြီးတစ်ဦးဟာ သူမသေခင် နာမည် တစ်ခု ကျန်ရှိခဲ့ဖို့ အတွက် ကမ္ဘာ့ ပထမဦးဆုံး လူမျိုးတွေတည်ဆောက်ခဲ့သော ပိရမစ် တစ်ခု ကို ရှာဖို့ အတော်ဆုံး လူတွေကို စုစည်းပြီး ရှာဖွေဖို့ ကြိုးပမ်းမှာပါ..ဒါပေမယ့် ထို ပိရမစ် ကို ရှာဖွေတွေ့ရှိခဲ့တာ သူတို့ အဖွဲ့ တစ်ခုထဲ မဟုတ်ခဲ့ဖူးဆိုတာကို နောက်ကျမှ သိကျမှာ ဖြစ်ပြီးPredator တွေဟာ ထို ပိရမစ် ထဲက Alien တွေကို ပြန်လည်သုတ်သင်ဖို့ လာနေတာ ဖြစ်ပါတယ်…Predator တွေ Alien တွေ ရဲ့ နှစ်ထောင်ချီသော အမဲလိုက် ခဲ့တဲ့ တိုက်ပွဲတွေ ရန်ငြိုးတွေကြားမှာလူသားတွေ ဘယ်လို ကြုံတွေ့ရမလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါအုံး…

0 comments:

Post a Comment