Parallel World Love Story (2019)

Rating : 5.7/10
Country : Japan
Genre : Mystery, Romance 
Cast : Yûta Tamamori, Riho Yoshioka, Shôta Sometani 
Released Date : 2019
Duration : 1h 48min 

စာရေးဆရာ Keigo Higashino ရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဒီဇာတ်ကားကို ဒါရိုက်တာ Yoshitaka Mori ကရိုက်ကူးထားတာပါ။Mayuko အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Riho Yoshioka ဟာဒီဇာတ်ကားနဲ့ပဲ 2019 Newcomer of the Year Awardကိုရရှိခဲ့ပါတယ်။
Parallel World Love Storyဆိုတဲ့ ခေါင်းစဉ်အတိုင်း“Parallel Universes” သေဘာတရားကိုအခြေခံပြီး မျဉ်းပြိုင်ကမ္ဘာနှစ်ခုကြားက ချစ်ခြင်းမေတ္တာနဲ့ခင်မင်မှုတွေကို ပုံဖော်ထားပါတယ်။ Takashi နဲ့Tomohiko ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ မိန်းကလေး Mayuko တို့ရဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ပုဒ်ပါ။မိမိကောင်မလေး Mayuko က တခြားမျဉ်းပြိုင်ကမ႓ာမှာ သူငယ်ချင်းTomohiko ရဲ့ ကောင်မလေးဖြစ်နေတဲ့အခါTakashi ရဲ့ စိတ်တွေရှုပ်ထွေးလာပါတော့တယ်။မတူညီတဲ့ ကမ႓ာနှစ်ခုက မတူညီတဲ့ဘဝနှစ်ခုမှာဘယ်အရာက အစစ်အမှန်လဲဆိုတာကို Takashiတစ်ယောက်ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာက စိတ်ဝင်စားစရာပါ။တစ်မူထူးကဲတဲ့ စိတ်ကူးယဉ်ဆန်ဆန်ဇာတ်လမ်းတွေကိုမှ နှစ်သက်ကြရင်ဒီ Parallel World Love Story ကို ကြည့်ဖို့ ညွှန်းလိုက်ပါရစေ။

0 comments:

Post a Comment