Rating : 6.9/10
Country : United State
Genre : Action, Crime, Thriller
Cast :George Clooney,Brad Pitt,Matt Damon
Released Date : 2007
Duration : 2h 2min
Al Pacino၊ George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac တို႕လိုနာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊Ocean ဟာ Trilogy Film Series ဖြစ်တဲ့အတွက် ၃ ပိုင်းတိတိ ထွက်ရှိထားပါတယ်။Country : United State
Genre : Action, Crime, Thriller
Cast :George Clooney,Brad Pitt,Matt Damon
Released Date : 2007
Duration : 2h 2min
Series အလိုက် Ocean 13 ဆိုတဲ့ အမည်နဲ့ပဲ 2007 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ သရုပ်ဆောင်များကိုတော့ အထူးမိတ်ဆက်ပေးစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။Rating တွေ ပြန်တက်လာတာကို တွေ့ရမှာပါ။ ဆုတံဆိပ်အနေနဲ့ဆိုရင် People’s Choice Awards, USA 2008 ကို ရရှိခဲ့ပြီး စံကာတင် ၅ ဆု ရှိခဲ့ပါတယ်။ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့ရတာက Danny Ocean (George Clooney) နဲ့ သူ့အဖွဲ့က ကာစီနိုင်ပိုင်ရှင် လူညစ်ကြီး Terry Benedict ကို သူတို့ခိုးသွားတဲ့ ငွေတွေ ပြန်ပေးလိုက်တာပြီး အေးဆေးဖြစ်သွားတာကိုပါ။ဒါပေမယ့်လည်း ဒါက သူတို့အဖွဲ့ ပြန်မပေါင်းမိခင်ခဏပါ။ သူတို့အဖွဲ့ထဲက Danny ရဲ့ သူငယ်ချင်းလည်းဖြစ်၊ အကြံပေးလည်းဖြစ်တဲ့ Reuben Tishkoff က တစ်ခြား ကာစီနို ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Willy Bank (Al Pacino) နဲ့ ပေါင်းပြီး ဟိုတယ်လ်တစ်ခု ထောင်လိုက်ပါတယ်။နောက်ပိုင်းမှာတော့ သူဟာ လူညစ်ပတ် Bank နဲ့ လက်တွဲဖြုတ်ချင်လာပါတော့တယ်။ Bank ရဲ့ သဘောက Tishkoff ဒုက္ခရောက်လေ သူပျော်လေပါပဲ။ Tishkoff နှလုံးရောဂါနဲ့ ဆေးရုံရောက်တော့ ပိုဆိုးတော့တာပေါ့ဗျာ။Danny နဲ့ သူ့အဖွဲ့သားတွေဟာ Bank ကွက်ကျော်ရိုက်သွားတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေပါဘူး။ Bank နဲ့ ရန်ညှိုးရန်စရှိခဲ့ဘူးတဲ့ သူတို့ရဲ့ ရန်သူတော်ဟောင်းကြီး Benedict နဲ့ ပေါင်းပြီး မဟာစီမံကိန်းကြီးတစ်ခု ထွင်ပါလေရောခင်ဗျ။Bank ရဲ့ ကျော်ဇောမှုတွေကို ဖျက်စီးပြီး သူ့ရဲ့ မာနကို ရိုက်ချိုးပစ်လိုက်ဖို့ပါ။ ဒီတစ်ခါမှာတော့ သူတို့ဟာ ငွေအတွက်မဟုတ်ပါဘူး…. လက်စားချေဖို့ လုပ်ကြမှာပါ…။

0 comments:
Post a Comment