2001: A Space Odyssey (1968)

Rating : 8.3/10
Country : United State
Genre :  Adventure, Sci-Fi 
Cast : Keir Dullea, Gary Lockwood,William Sylvester
Released Date : 1968
Duration :  2h 29min 

ရုပ်ရှင်ဆိုတာ စာအုပ်တွေလိုပဲ ဖျော်ဖြေရေးထက်ပိုတဲ့ အနုပညာရသတစ်ခုကိုပေးစွမ်းနိုင်တယ်ဆိုတာ လက်ခံပါသလား။
လက်ခံတယ်ဆိုရင်တော့ 2001: A Space Odyssey ကို ကြည့်ဖြစ်အောင်ကြည့်ပြီးခံစားကြည့်လိုက်ပါ။ ဒီလိုရုပ်ရှင်မျိုး ရုပ်ရှင်လောကမှာ နောက်တစ်ကားထွက်ရှိလာဖို့ဆိုတာ
မဖြစ်နိုင်တော့ပါဘူးလို့တောင် ရုပ်ရှင်ဝေဖန်ရေးဆရာတွေက ဆိုကြတယ်…ဒီရုပ်ရှင်ဟာ ကမ္ဘာကျော်ဒါရိုက်တာကြီး Stanley Kubrick ရဲ့ အကောင်းဆုံးရုပ်ရှင်ကားဖြစ်ပြီး၁၉၆၈ က ပြသခဲ့တဲ့ရုပ်ရှင်လို့တောင် မထင်လောက်အောင် လက်ရာမြောက်လွန်းတဲ့ရုပ်ရှင်ကားပါ။ နောက်ခံတီးလုံးတွေကအစ ခမ်းနားလွန်းပြီး ဇာတ်ဝင်ခန်းတိုင်းဟာရင်သပ်ရှုမောစရာကောင်းလွန်းပါတယ်။အဲ့ခေတ် အဲ့အခါက ရုံတင်ပြသခဲ့ရာမှာတော့ အမိုက်စားရိုက်ချက်တွေနဲ့ ၁၉၆၀ ကျော်ကာလမှာမမြင်ဖူးသေးတဲ့ ရိုက်ကွင်းအနေအထားတွေကြောင့် ဒီရုပ်ရှင်ဟာအထိုက်အလျောက်အောင်မြင်ခဲ့ပေမယ့် ဝေဖန်ရေးဆရာတွေကတော့ ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်အရမ်းဆန်လွန်းတယ်၊ဘာကိုပြချင်တာလဲ စသဖြင့် အနုတ်သဘောဆောင်တဲ့ ထင်မြင်ချက်တွေပဲ ပေးခဲ့ကြပါတယ်။ဒါပေမယ့်လည်း အချိန်တွေကြာလာတာနဲ့အမျှ ဒီရုပ်ရှင်က နာမည်မကျသွားတဲ့အပြင်2001 ရဲ့ဂုဏ်သတင်းဟာ ပိုပိုပြီး ကျော်ကြားလာခဲ့ပါတယ်။ ဆယ်စုနှစ်တွေကုန်ဆုံးသွားလေလေ2001 ရုပ်ရှင်အကြောင်း၊ Stanley Kubrick အကြောင်း မှတ်တမ်းရုပ်ရှင်၊ ဆောင်းပါးတွေဟာ ပိုပိုများပြားလာလေဖြစ်ပြီး ဒီရုပ်ရှင်ဟာ အနာဂတ်ဟောစာတမ်းတစ်ခုလို ဖြစ်လာခဲ့ပါတယ်။ဒီရုပ်ရှင်မှာတော့ လူသားတွေဆီရောက်ရှိလာတဲ့ ကျောက်တိုင်ကြီး ၄ တိုင်ကို ရှာဖွေပုံအကြောင်းနဲ့ဒီကျောက်တိုင် ၄ တိုင်ရဲ့ ဆက်စပ်မှုအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်ရဲ့ အထင်ရှားဆုံးထူးခြားချက်ကတော့ လကမ္ဘာကို လူတွေမရောက်သေးခင်မှာတင်လကမ္ဘာကို စိတ်ကူးယဉ်ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်အာကာသယာဉ်မှူးတွေလပေါ်တကယ်ရောက်ရှိခဲ့ပြီး ပြန်လာတဲ့အခါမှာလဲ လကမ္ဘာဆိုတာ 2001: A Space Odyssey ထဲကအတိုင်းပါပဲလို့ပြောသွားရလောက်တဲ့အထိ မှန်ကန်တိကျခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။2001 ဟာ နှစ်ချို့ဝိုင်တစ်ပုလင်းလိုပဲ အချိန်ကြာလေလေ ရုပ်ရှင်ထဲကအချက်အလက်တွေ၊သီအိုရီတွေက လူတွေနဲ့ ပိုမိုနီးစပ်လာလေ၊ ရင်းနှီးလာလေဖြစ်ပြီး Stanley Kubrick တစ်ယောက်ဒါကြီးကို ဘယ်လိုများစဉ်းစားမိပါလိမ့် လို့တွေးသွားရလောက်အောင် အံ့သြစေပါလိမ့်မယ်။ဒီရုပ်ရှင်မှာ ၁၉၆၀ ကမရောက်သေးတဲ့ လကမ္ဘာအကြောင်း၊ နေအဖွဲ့အစည်းအကြောင်းအပြင်အဲ့ခေတ်အဲ့အခါက ထွင်ဖို့တောင်မပြောနှင့်၊ စဉ်းတောင်မစဉ်းစားမိသေးတဲ့ A.I (Artificial Intelligence) စနစ်တွေကိုပါ ထည့်သွင်းရိုက်ကူးပြထားတာဖြစ်ပြီး တကယ်ပဲ ကြက်သီးမွှေးညှင်းထမိစေပါလိမ့်မယ်။ဒါရိုက်တာကြီးကိုယ်တိုင်က ဒီဇာတ်ကားဟာ သာမန်ရုပ်ရှင်ကြည့်ပရိသတ်အကြိုက်တွေ့မယ့်ဇာတ်ကားမျိုးမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပြီး ကြည့််ရှူသူတစ်ယောက်ကိုအမြင်တစ်မျိုးထွက်လာအောင်လုပ်ထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက်ရုပ်ရှင်ကို ဖျော်ဖြေရေးတစ်ခုအတွက်နဲ့ ကြည့်ရှူနေသူတွေအတွက်တော့ ပျင်းစရာကောင်းပြီးဘာရိုက်ပြနေမှန်းမသိပါဘူးလို့ ပြောမိပါလိမ့်မယ်ဆိုတာတော့ ကြိုတင်အသိပေးလိုပါတယ်။

0 comments:

Post a Comment