Rating :
Country : Korea
Genre : Action, Friendship
Cast : Jung Da Eun, Oh Seung Hoon, Son Woo Hyun
Released Date : 2020
Duration : 1h 52min
၂၀၁၉ ခုနှစ် မတ်လကထွက်ရှိထားတဲ့ Justice High ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးကတော့လူငယ်တက်သစ်စသရုပ်ဆောင်လေးတွေတော်တော်များများအားဖြည့်ပါဝင်ထားတဲ့ ကျောင်းသား Action ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ချီယောင်းဆိုတဲ့ကောင်မလေးက ဂွန်းဆူဒို(တိုက်ကွမ်ဒိုလိုသိုင်းပညာတစ်မျိုး)ကိုတစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ကောင်မလေးပါ။ကျွမ်းဆို သူအဖေကိုယ်တိုင်ကလည်းအဲ့ ဒီဂွန်းဆူဒိုအားကစားရုံပိုင်ရှင်တစ်ယောက်ပါ။သူက အရင်တက်နေတဲ့အထက်ကျောင်းတစ်ခုကနေမတရားအနိုင်လာကျင့်တဲ့သူတွေကို ပညာပေးဆုံးမခဲ့လို့ကျောင်းပြောင်းလာရတဲ့ မဟုတ်မခံ ဆတ်ဆတ်ကြဲ ကောင်မလေးတစ်ယောက်ပေါ့။သူကျောင်းပြောင်းလာပြီးမကြာဖူး။ကျောင်းအသစ်မှာအဲ့လိုပဲ ကောင်လေးတစ်ယောက်ကိုအနိုင်ကျင့်နေတဲ့ကျောင်းသားလူမိုက်အုပ်စုကိုတွေ့လို့ အဲ့ကောင်လေးကိုအဲ့လူဆိုးလေးတွေလက်က ကယ်ပြီးကာကွယ်ပေးခဲ့တယ်။ဒီကားမှာထူးခြားတာက ကောင်လေးကိုကောင်မလေးကကာကွယ်ပေးရတာ။ကောင်လေးကတော့ ကိုယ်ခံပညာမတတ်တဲ့ခပ်ရိုးရိုးကောင်လေးပေါ့။သူနာမည်က ဂျောင်းဂူတဲ့။နောက်ထပ်ကျောင်းသားကားလေးတွေထုံးစံအတိုင်းသုံးပွင့်ဆိုင်ဇာတ်လမ်းလေးတစ်ခုက လှလည်းလှ သိုင်းလဲတတ်တဲ့ချီယောင်းကို အဲ့ကျောင်းက ဟယ်ဆောင်းလို့ခေါ်တဲ့စီနီယာအကိုကြီးကလည်းကြိတ်ကြွေနေတယ်။အဲ့စီနီယာကလည်းပြောရရင်ကျောင်းမှာ လူဆိုးထိန်းသဘောမျိုးပေါ့။ရန်ဖြစ်ရင်ပွဲတိုင်းကျော်တယ်။ဒါပေမယ့် လူဆိုးကနေလူကောင်းဖြစ်လာအောင်ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ဂျောင်းဂူနဲ့ဆန့်ကျင်ဖက်ပဲ စီနီယာဟယ်ဆောင်းကတော့တိုက်တတ်ခိုက်တတ် ရန်ဖြစ်လဲ သူမပါမပြီး အထက်တန်းမှာနှစ်ချီနေတဲ့ Oldie စီနီယာတစ်ယောက်ပေါ့။နောက်ဒီကျောင်းမှာကျောင်းသားခေါင်းဆောင်လုပ်ပြီး တခြားလူမိုက်အဖွဲ့တွေကိုကျောင်းသားတွေဆီကမုန့်ဖိုးတွေကို အဓမ္မတောင်းပြီး ဗိုလ်လုပ်နေတဲ့လူဆိုးအဖွဲ့လည်းရှိတယ်။ဒီအဖွဲ့က ဂျောင်းဂူကိုအနိုင်ကျင့်တဲ့ကျောင်းသားလူဆိုးလေးတွေရဲ့ ဆရာတွေပေါ့။ဒါကိုချီယောင်းကဆုံးမလိုက်တာကို အံ့ဒီကကျောင်းသားခေါင်းဆောင် လူဆိုးအဖွဲ့ကမကျေနပ်ကြဖူး။အဲ့အချိန်ကစပြီးချီယောင်းကို ညှိုးထားကြတယ်။ဒါကိုဒီကျောင်းသားလေးသုံးယောက်ဘယ်လိုဖြေရှင်းကြမလဲ။ငယ်ရွယ်တဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကကောဘယ်လိုလာမလဲဆိုတာ ကိုယ်တိုင် ဆက်ကြည့်လိုက်ကြပါ။ညွှန်းပေးရရင် ဒီကားလေးက Action ကားလေးဆိုလို့အတိုက်အခိုက် အသတ်အပုတ်ကြီးပဲမဟုတ်ပဲ ကျောင်းသားဘဝကအပျော်လေးတွေ၊ Romanceလေးတွေပါ တစ်ဖန်ခံစားပြီးကြည့်နိုင်လို့မိန်းကလေးရောယောကျာ်းလေးကော ကြည့်ပျော်မယ့်ဇာတ်ကားကောင်းလေး တစ်ကားလည်းဖြစ်ပါတယ်။
0 comments:
Post a Comment