Feel Good To Die (2018)

16 Episdoes

Rating : 8.0/10
Country : South Korean
Genre : Friendship,Comedy,Romance,Drama,Fantasy
Cast : Beak Jin Hee,Kang Ji Hwan,Gong Myung

 မင်းသားကတော့ ပရိတ်သတ်တွေသိပြီးသားဖြစ်မှာပါ Big Man , Lie To Mie , Hong Gil Dong(The Hero) စတဲ့ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Kang Ji Hwan ဖြစ်ပါတယ် မင်းသမီးကတော့ Missing Nine , Let's Eat 3 , Jugglers(အလန်းဇယား) စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Baek Jin Hee ပါ ဇာတ်လမ်းလေးကတော့ ဟာသဘက်ကို ပိုဦးစားပေးထားတာပါ ဘဲ့ဂျင်ဆန်း(Kang Ji Hwan) ဟာ ကုပ္မဏီရဲ့ မာကတ်တင်းဌာနအဖွဲမှူးတစ်ယောက်ဖြစ်ပါတယ် သူကတော့ ဘဝင်မြင့်ပြီး သူ့ကိုယ်သူ ဘယ်တော့မှ အမှားမလုပ်ဘူး သူ့မှာအမှားမရှိဘူးလို့ထင်တတ်တဲ့သူပါ အမြဲတမ်းဖြစ်သမျှပြဿနာကိုလဲ သူ့လက်အောက်ကလူတွေရဲ့အမှားလို့လွှဲချပြီး အမြဲဆူပူကြိမ်းမောင်းတတ်သူပါ သူသာလျှင် အတော်ဆုံး အတတ်ဆုံးလို့ခံယူထားတဲ့ ဘဝင်ရူးပါ လီရူဒါ (Baek Jin Hee) ကတော့ ဘဲဂျင်ဆန်းရဲ့အဖွဲ့ကလက်ထောက်မန်နေဂျာဖြစ်ပြီး ဘဲဂျင်ဆန်းရဲ့လုပ်ရပ်တွေကို သဘောမကျတဲ့သူပါ ဘဲ့ဂျင်ဆန်းကို သေပါစေလို့ အမြဲကျိန်ဆဲတတ်သူပါ နိုဝင်ဘာ ၇ ရက်နေ့မှာတော့ လီရူဒါတို့အဖွဲ့ ပုံမှန်အတိုင်း ပြဿနာတက်ပါတော့တယ် ဘဲ့ဂျင်ဆန်းကလဲ သူ့ထုံးစံအတိုင်း သူ့အမှားမရှိဘူးဆိုပြီး လက်အောက်က မန်နေဂျာချွဲကို အပြစ်ပုံချခဲ့ပါတယ် အဲ့ညမှာပဲ ဝန်ထမ်းညစာစားပွဲမှာ ဘဲ့ဂျင်ဆန်းအမူးလွန်ခဲ့ပါတယ် အမူးလွန်တဲ့ ဘဲ့ဂျင်ဆန်းကို လီရူဒါအိမ်ပြန်ပို့ရပါတယ် ဒါပေမဲ့ အိမ်ပြန်တဲ့လမ်းမှာ အမူးလွန်ပြီး လျှောက်ပြေးရင်း ကားတိုက်ခံရပြီး ဘဲ့ဂျင်ဆန်းသေသွားပါတယ် ဒါပေမဲ့ အဲ့အချိန်မှာ လီရူဒါဟာ အဖွဲ့မှူးသေသွားတဲ့အိပ်မက်အဖြစ် ပြန်နိုးလာပြီး ပြက္ခဒိန်ကြည့်လိုက်တဲ့အခါမှာလည်း နိုဝင်ဘာ ၇ ရက်သာဖြစ်နေပါတယ် ရုံးရောက်တော့လဲ ပထမ ဖြစ်ပြီးတဲ့အတိုင်း အကုန်ပြန်ဖြစ်ပါတော့တယ် အဲ့တော့ သူဟာ အဖွဲ့မှူးသူ့အိပ်မက်ကလိုမသေအောင်ကယ်ပါတော့တယ် ဒါပေမဲ့ အဖွဲ့မှူးဘဲ့ကတော့ အကြောင်းအမျိုးမျိုးနဲ့သေပြီး အဖွဲ့မှူးသေတာနဲ့ သူလဲ နိုဝင်ဘာ ၇ ရက်မှာ ပြန်နိုးလာပါတယ် ဒီတော့ အဖွဲ့မှူးမသေအောင် သူကာကွယ်မှ နိုဝင်ဘာ ၈ ရက်နေ့ကို သူရောက်နိုင်မှာ သူဒီလို တစ်ရက်တည်း ထပ်တလဲလဲဖြစ်နေတာကနေ ဘယ်လိုရှောင်လွှဲမလဲ? ဘယ်နည်းလမ်းနဲ့ သူအခြားရက်ပြောင်းအောင်လုပ်မလဲ? သူ့အဖွဲ့မှူးကိုဘယ်လိုကယ်မလဲဆိုတာ

0 comments:

Post a Comment