20 Episdoes
Rating : 7.7/10
Country : South Korean
Genre : Friendship,Romance,School,Youth,Fantasy
Cast : Kim Sae Ron,Nam Woo Hyun,Lee Sung Yeol
အဖေဆုံးသွားပြီးအမေကစွန့်ပစ်ခံခဲ့ရတဲ့ကလေးပါ
အဖေအမေ မရှိတဲ့သူ့ကို
အဘွားကသနားပိုကာစျေးရောင်းရင်း
ကျောင်းထားပေးပါတယ်
ကျောင်းမှာစာလည်းတော်
ရုပ်လည်းချောမို့နာမည်ကြီးပါတယ်
(Woo Hyun)ဟာငယ်ငယ်ကတည်းက
အမေနဲ့ အဖေကွာရှင်းခဲ့ပါတယ်
အမေကိုအရမ်းချစ်ပေမယ့်
မျက်နှာများတဲ့အမေကတာဝန်ယူချင်စိတ်မရှိခဲ့ပါဘူး
အမေကနောက်ယော်ကျားယူ
အဖေကလည်းနောက်မိန်းမယူခဲ့ပါတယ်
အဖေနဲ့အတူနေရင်းမိထွေးကိုမုန်းတီးနေခဲ့ရပါတယ်
ကျောင်းမှာစာတော်ပြီးရုပ်ချောပေမယ့်
တော်ရုံတန်ရုံမိန်းကလေးတွေကို
အဖက်မလုပ်တာကြောင့်ရေခဲတုန်းကြီးလို့ခေါ်ကြပါတယ်
ဇာတ်လမ်းအကျဉ်း
လူသားတွေသေလွန်တဲ့အခါ
သံတမာန်နတ်သမီးတွေက တမလွန်ကို
ပို့ဆောင်ပေးရပါတယ်
တစ်နေ့ Sung Yeolသူငယ်ချင်းဟာ
ကျောင်းခေါင်မိုးပေါ်ကခုန်ချဖို့လုပ်ပါတယ်
နတ်သမီးကလည်း ခေါ်ဖို့စောင့်နေပါတယ်
Sung Yeolကမလုပ်ဖို့တားရင်း
နတ်သမီးလေးနဲ့အတူအောက်ကို
ပျောက်ကျသွားခဲ့ရပါတယ်
ဒီမတော်တဆကြောင့်သေမင်းစာအုပ်နဲ့အတူ
သူ့စွမ်းအားတွေလည်းပျောက်ဆုံးသွားခဲ့ပါတယ်
သွားစရာမရှိတဲ့အဆုံး Sung Yeolအဘွားဆိုင်မှာ
စားပွဲထိုးဝင်လုပ်ပါတယ် ဉာဏ်လည်းကောင်း
ရုပ်လည်းချော နုနုနယ်နယ်ကောင်မလေးမို့
Sung Yeolအဘွားဟာမခိုင်းရက်ဘဲ
Sung Yeolနဲ့အတူကျောင်းထားပေးခဲ့ပါတယ်
မတော်တဆမှုကြောင့်Sung Yeolဟာ
အရင်ကျောင်းကထုတ်ခံရပြီး Sung Yeolဟာ
woo hyunကျောင်းကိုပြောင်းလာခဲ့ပါတယ်
ကျောင်းပြောင်းလာတဲ့နတ်သမီးလေးကို
Woo hyunကစွဲလမ်းမိခဲ့ပါတယ်
စာလည်းတော် နာမည်လည်းကြီး
ရုပ်လည်းချောတဲ့ Sung Yeolနဲ့Woo Hyunရဲ့
အရေးပေးခံရတဲ့ကောင်မလေးကို
ကျောင်းသူလေးတွေမျက်မုန်းကျိူးပြီး
ဒုက္ခပေးကြပါတော့တယ်
အမြဲလိုလိုကာကွယ်ပေးတဲ့
Woo Hyunကိုဘဲချစ်သွားမှာလား
အနေနီးပြီး ဖေးမကူညီတတ်တဲ့
SungYeolကိုဘဲရွေးမှာလား
လူသားတွေရဲ့ဘဝမှာနေသားကျတုန်း
စွမ်းအင်တွေပြန်ရပြီးနေရပ်ကိုပြန်ရတော့မယ်အခါ
နေရပ်ကိုဘဲပြန်သွားမှာလား
အစွမ်းတွေကိုစွန့်လွှတ်ပြီးလူသားဘဝကို
ရွေးမှာလားဆိုတာကိုတော့................
0 comments:
Post a Comment