Grimm (2011-2017)

Season (1) - 22 Episodes
Season (2) - 22 Episodes
Season (3) - 22 Episodes
Season (4) - 22 Episodes
Season (5) - 22 Episodes
Season (6) - 13 Episodes

Rating : 7.8/10
Country : United State
Genre :  Horror Fiction, Occult Fiction
Cast : David Giuntoli. Russell Hornsby. Jacqueline Toboni. Bitsie Tulloch. Silas Weir Mitchell. Sasha Roiz. Reggie Lee. Bree Turner.
Released Date : 2011-2017

ဇာတ်လမ်းအကြောင်းမပြောခင် Grimm ဆိုတဲ့ အရာအကြောင်းကို အရင်ရှင်းပြပါမယ်
Grimm တွေဟာ သာမန်လူမျက်စိနဲ့မမြင်နိုင်တဲ့ လူယောင်ဆောင်နေတဲ့ သဘာဝလွန်အကောင် ဝက်ခ်ဆန်(Wesen)တွေကို မြင်နိုင်တဲ့ အမြင်စွမ်းအားတွေကို ပိုင်ဆိုင်ထားကြသူများဖြစ်ပါတယ် ။
စွမ်းအားတွေဟာ မျိုးရိုးလိုက်တဲ့သဘောရှိပြီး မွေးကတည်းကစွမ်းအားရနေတာမျိုးတော့မဟုတ်ပါဘူးတဲ့ ။
မိသားစုထဲက လူကြီးတစ်ဦးဦး (ဂရင်းမ်)နာမကျန်း/သေဆုံးမှသာ စတင်မြင်လာရတာမျိုးပါ ။ (Grimm ဇာတ်ကားထဲမှာ နစ်ခ်ရဲ့အဒေါ် အန်တီမေရီ ကင်ဆာရောဂါ
ဖြစ်လာချိန်မှာ နစ်ခ်ရဲ့အမြင်တွေ စရလာသလိုပေါ့)။
ဂရင်းမ်တွေဟာ ဝက်ခ်ဆန်တွေကို အချိန်တိုင်းမြင်တွေ့နေရတာမျိုးတော့မဟုတ်ပါဘူး ။ သူတို့သတိလက်လွတ်ဖြစ်တဲ့အချိန်မျိုးတွေမှာ ဖျတ်ခနဲ
မြင်ရတာပါ။။ဒါကိုလဲ ဂရင်းမ်တွေနဲ့ဝက်ခ်ဆန်အချင်းချင်းမှသာမြင်ပါတယ် ။ သာမန်လူတွေကတော့ ဝက်ခ်ဆန်တွေကမြင်စေချင်ရင်
မြင်နိုင်ပါတယ် ။ Grimmတွေဟာ အစဉ်အဆက် ဝက်ဆန်တွေကို သတ်ဖြတ်
လာကြတာမို့ ဝက်ခ်ဆန်တွေဟာ အလိုလိုကြောက်ရွံကြပါတယ်။
ဂရင်းမ်တွေမှာ သဘာဝရန်သူတစ်မျိုးရှိပါတယ် ။
သူတို့ကိုတော့ ဂရင်းမ်တို့ရဲ့ရိတ်သိမ်းသူ ( Reaper of Grimms) လို့ခေါ်ပါတယ် ။
ဂရင်းမ်စွမ်းအားပိုင်ဆိုင်ထားသူဟာ သိုသိုသိပ်သိပ်နေလေ့ရှိပါတယ် ။ မိသားစုကိုတောင်မှပြောလေ့မရှိပါဘူး ။ (နစ်ခ်အမြင်တွေစမြင်လာတော့မှ အန်တီမေရီ ဂရင်းမ်ဆိုတာ
သိလာရသလိုမျိုး) ဖြစ်နိုင်ရင် မိသားစုနဲ့ အဆက်ဖြတ်ပြီးနေကြပါတယ် ။
အကြောင်းကတော့ ရိတ်သိမ်းသူတွေနဲ့ ဝက်ဆန်တွေသိရှိသွား
ရင် မိသားစုက အားနည်းချက်ဖြစ်လာနိုင်လို့ပါပဲ ။ Grimm ဆိုတာ ဘာလဲသိသွားရင်တော့ ဇာတ်လမ်းအကြောင်းဆက်ပြောပါမယ်
ဇာတ်လမ်းအစမှာ မင်းသားက ရဲဆိုတော့ လူသတ်မှုတစ်ခုနဲ့စထားတယ် ။ အဲ့လူသတ်မှုကလဲ တစစီဆွဲဖြဲခံရပြီး အပိုင်းအစလောက်ပဲတွေ့ရတော့တဲ့အမှု ။
သတ်သွားတာ လူမဟုတ်ဘူးလို့ တီဗီကြည့်ရင်း အလိုလိုသိတာပေါ့ အဲ့အချိန်မှာလဲ မင်းသား(နစ်ခ်)က သူရှင်းမပြနိုင်တဲ့အရာတွေကို မြင်နေရတယ်
တစ်ချို့လူတွေရဲ့ လူပုံသဏ္ဍန် မဟုတ်တာတွေကို ဖျတ်ခနဲမြင်မြင်နေရလို့ ရူးချင်နေပြီလေ ……
နောက်တော့ နစ်ခ်ရဲ့ အဒေါ်တော်တဲ့ မေရီကတ်စလာ ဆိုတဲ့ မိန်းမကြီးက နောက်တွဲယာဉ်ပါတဲ့ကားကြီးကိုမောင်းပြီး နစ်ခ်အိမ်ကိုရောက်လာပါလေရော …
သူကလဲ Grimm လေ သူ့မှာ သေလောက်တဲ့ရောဂါရနေလို့ နောက်မျိုးဆက်ဖြစ်တဲ့ နစ်ခ်က အမြင်တွေမြင်လာရတာပေါ့ ……
တူဝရီး၂ယောက် တွေ့ကြတော့ အပြင်ထွက်လမ်းလျှောက်ရင်းစကားပြောနေတုန်း … ရုတ်တရက် အန်တီမေရီက လန့်သွားပြီး
ချက်ချင်းဆိုသလို မကောင်းဆိုးဝါးမျက်နှာကြီးနဲ့ လူကြီးက ဝင်တိုက်ခိုက်ပါလေရော …အာ့လူကြီးက ဂရင်းမ်များရဲ့ရိတ်သိမ်းသူ(Reapper of the grimms) လေ…
တိုက်ခိုက်ကြရင်း မေရီကတ်စလာ လဲကျသွားလို့ နစ်ခ်က ရဲဆိုတော့ သေနတ်ထုတ်ပြီး ပစ်သတ်လိုက်ရတယ် 
လဲကျပြီးအသက်ထွက်သွားတော့မှ သူ့မျက်နှာကြီးက လူပုံစံပြန်ပြောင်းသွားတာကို နစ်ခ်တွေ့လိုက်ရတယ် 
အန်တီမေရီကို ပြေးထူလိုက်တော့ ဘာမှ မပြောနိုင်ပဲ သူ့လည်ပင်းက လော့ကတ်လေးကို ဖြုတ်ပေးပြီး အသက်နဲ့ထပ်တူစောင့်ရှောက်ဖို့မှာပြီး သတိမေ့သွားခဲ့တယ် ။
ဆေးရုံရောက်ပြီး အန်တီမေရီ သတိရလာတော့မှ သူမြင်နေရတဲ့ အရာတွေဟာ သူက Grimmဖြစ်နေလို့ဆိုတာသိသွားခဲ့တယ် ။
အာ့အချိန်မှာပဲ ကလေးပျောက်မှုအတွက် ဖုန်းဝင်လာလို့ထွက်လာခဲ့ရတယ်။
ကလေး ပျောက်သွားတဲ့နေရာကလဲ ပထမလူသေမှုဖြစ်ထားတဲ့ပတ်ဝန်းကျင်ပဲလေ …. သဲလွန်စလိုက်ရှာရင်းး ပန်းခြံထဲမှာ ခလေးလေးရဲ့ ကျောပိုးအိတ်နဲ့ ခြေရာတွေနောက်လိုက်ရာကနေ ပန်းခြံတစ်ဖက် ကိုရောက်သွားတော့ …….
ပန်းခြံနဲ့မျက်နှာချင်းဆိုင် အိမ်ကထွက်လာတဲ့ လူတယောက်က အကောင်တကောင်အသွင်ပြောင်သွားတာ လှမ်းတွေ့လိုက်လို့ လိုက်ဖမ်းပေမယ့် ကလေးနဲ့ပတ်သတ်ပြီး ဘာတခုမှမတွေ့ခဲ့ရဘူး ……
တကယ်လဲ လူသတ်သမားက အဲ့ဒီလူမဟုတ်ဘူး …အာ့လူနဲ့ မျိုးနွယ်တူ wesen ပေါ့ ….နစ်ခ်က မကျေနပ်ပဲ ညဘက်သွားပြန်ချောင်းရာကနေသူတို့နှစ်ယောက်ခင်သွားခဲ့တယ် …
သူ့နာမည်က မွန်ရိုး တဲ့ … သူက လူသတ်သမားကိုမိဖို့ နစ်ခ်ကိုကူညီတယ် ….အဲ့ဒါနဲ့ပဲ ကလေးကိုပြန်ရှာတွေ့ပြီး အဲ့လူသတ်ကောင် ဘလူးဘတ်တ် သေသွားပါလေရော …..
နောက်အပိုင်းတွေမှာ ဒီထက်ပိုကောင်းတယ် ….အန်တီ မေရီကို သတ်ဖို့ဆေးရုံထိလိုက်လာတဲ့ Ripper တွေ .တခြား Wesen တွေ … နဲ့အတော်လေးကြည့်လို့ကောင်းပါတယ်
Supernatural လိုစီးရီးမျိုးကြိုက်တတ်တဲ့လူအတွက်ကတော့ တကယ့်ရှယ်ပါပဲ လောလောဆယ် season 6 မှာဇာတ်သိမ်းထားပြီး ထုံးစံအတိုင်း ကြုံသလိုတင်ဆက်ပေးသွားပါမယ်
video ကွာလတီကိုတော့ နဲနဲသည်းခံပေးကြပါ ဒီထက်ကောင်းတဲ့ ကာလတီကို ဘယ်မှာမှရှာမရတော့လို့ ကြည့်လို့အဆင်အပြေရုံလေးပဲလုပ်ပေးထားပါတယ်

0 comments:

Post a Comment