20 Episdoes
Rating : 7.9/10
Country : South Korean
Genre : Historical,Romance,Drama,Political
Cast : Joo Sang Wook,Jin Se Yeon,Yoon Shi Yoon
အပြိ ု မင်းသားကတော့ Good Doctor ထဲက ကင်ဒိုဟန်အနေနဲ့သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင် Joo Sang-Wook ပါ
မင်းသမီးကလည်း ခေသူမဟုတ်ဘူးနော် Doctor strange ကားထဲကမင်းသမီး Jin-Se-Yun တစ်ယောက်ပေါ့
တခြား တခြားသောနာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေကလည်း ပံ့ပိုးထားကြပါသေးတယ်
4 minute အဖွဲ့ဝင်ဟောင်းတစ်ယောက်လည်း ပါသေးတယ် ဘယ်သူဆိုတာ ဇာတ်လမ်းကြည့်ပြီးအဖြေထုတ်ကြည့်ပါ😉
ဘယ်သူမဆို ကိုယ်ချစ်မိသွားတဲ့ ချစ်ရတဲ့သူ ကိုယ့်ကိုယ်ပြန်ချစ်တာ လိုချင်ကြမှာပါ
ဒီအတိုင်းပဲ ချစ်ရတဲ့သူကို အရယူဖို့ ဘာနည်းမဆိုသုံးမယ်ဆိုတဲ့ အချစ်ကြမ်းသူမျိုးရှိသလို ချစ်ရတဲ့သူက်ို ဘယ်လိုအခြေအနေမျိုးထဲကမဆို စွမ်းစွမ်းတမံ ကာကွယ်မယ်ဆိုတဲ့ အချစ်ကြီးသူမျိုးရှိတတ်ကြပါတယ်
ဒီကားလေးထဲမှာလည်း Jin-Se Yun ကိုရဖို့ဘယ်နည်းဖြစ်ဖြစ် သုံးမယ် နောက်ဆုံး ကိုယ့်ညီကို ပြန်သတ်ဖို့လည်း ဝန်မလေးဘူးဆိုတဲ့ Joo Sang-Wook
ချစ်သူကို အစ်ကို့ရန်က ကာကွယ်မယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ မိမိမနှစ်သက်တဲ့ ထီးနန်းအရိုက်အရာ လုပွဲထဲကိုဝင်လာခဲ့တဲ့ အချစ်ကြီးသူYoon-Si-Yoon တို့ရဲ့ အချစ်လွန်ဆွဲပွဲကြီးပါ
ပြီးတော့ နန်းတွင်းကားဆိုတော့ နန်းတွင်းဇာတ်ရှုပ်လေးတွေတော့ပါတာပေါ့
ဂျိုဆွန်းပြည်ရဲ့ သတ်မှတ်ချက်တွေအတိုင်း ပထမဆုံးမွေးတဲ့သားဦး အိမ်ရှေ့စံကို အရိုက်အရာလွဲပေးဖို့ ကြိုးစားနေတဲ့ မိဖုရားကြီးအလတ်ဖြစ်တဲ့ကိုယ့်အတွက် မိခင်အချစ်ကို မခံစားရလို့ ဆိုးချင်တိုင်းဆိုးနေတဲ့ အိမ်ရှေ့မင်းသား
စိတ်ထားကောင်းပြီး ပန်းလေးလိုနူးညံ့တဲ့ အငယ်ဆုံးမင်းသားလေး
အာဏာအပြည့်မရလို့ ပန်းရိုင်းကို အဆိပ်သွင်းပေးချင်နေတဲ့ ဦးရီးတော်
ချူချာလွန်းတဲ့ အိမ်ရှေ့စံကြောင့် ဘုရင်ကိုယ်စားအုပ်ချုပ်ခွင့်ကို လုဖို့အကြောင်းဖန်လာတော့…
ဘယ်သူက အုပ်ချုပ်ခွင့်ရပြီး ဘယ်မင်းသားက အချစ်လွန်ဆွဲပွဲမှာ အနိုင်ရမယ်ဆိုတာကိုတော့
ဇာတ်လမ်းထဲမှာ အဖြေရှာကြည့်လိုက်နော်

0 comments:
Post a Comment