16 Episdoes
Rating : 7.3/10
Country : South Korean
Genre : Historical,Romance,Drama
Cast : Moon Geun Yo,Lee Sang Yoon,Kim Bum,Seo Hyun Jin,Jeon Kwang Ryul
ဆောင်းဦးရွက်ကြွေချက်သက်သေ ကားထဲက အွန်စောအငယ်လေး Moon Geun-young , Agnel eyes, On the way to the airport, About time ထဲကမင်းသား Lee Sang Yoon ဆိုရင်လည်း မသိသူမရှိသလောက်ပါပဲ နောက်မင်းသားတစ်ယောက်ကတော့ F4 တို့ That winter the wind blowsမှာပါတဲ့ မင်းသား Kim Bum ပါပဲ…. ပါဝင်သရုပ်ဆောင်တဲ့ မင်းသား မင်းသမီးတွေကိုကြည့်ခြင်းအားဖြင့် ဒီကားလေးဟာ ကြည့်သင့်တယ်ဆိုတာ ကြိမ်းသေပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ Jung Yi လို့အသိများသော Yoo Jung ဆိုသည့် Joseon မင်းဆက်က ပထမဆုံးအိုးလုပ်သူ အမျိုးသမီးလေး၏ သမိုင်းကြောင်းနောက်ခံ ထားသည့် ဇာတ်လမ်းလေးဖြစ်ပါသည် လက်ရာမြောက်သော ကြွေထည်ပစ္စည်းများကို ဖန်တီးသူအဖြစ် သတ်မှတ်ခံရသော မိန်းကလေးတစ်ယောက်ဖြစ်သည် 'Yoo Jung'သည် တကယ့် သမိုင်းမှတ်တမ်းဝင် ကြွေထည်ဖန်တီးရှင်အမျိုးသမီး 'Baek Pa Sun' ၏ အနုပညာဝိညာဉ်ပူးကပ်သူအဖြစ် လက်ခံထားကြသည် Yoo Jung သည် Joseon မင်းဆက်တွင် ထိပ်တန်းကြွေထည်ပညာရှင်ဖြစ်ရန် အိပ်မက်မက်နေသူ မိန်းကလေးတစ်ယောက်ဖြစ်သည် ။ သူဟာ ကြွေထည်ဖန်တီးရာတွင် မွေးရာပါ ပါရမီနဲ့ကျွန်းကျင်မှု အပြည့်ရှိသူအဖြစ် မွေးဖွားလာခဲ့သူဖြစ်သည်။ သူဟာ သူမရဲ့ အိပ်မက်အကောင်အထည်ဖော်ရန် သူ့ရဲ့ပါရမီကို သူရဲ့ ကျွမ်းကျင်မှုကို ထပ်မံတည်ဆောက်ကာ အတော်ဆုံးကြွေထည်ပညာရှင်ဖြစ်အောင် ကြိုးစားခဲ့လေသည် ဒီဇာတ်လမ်းတွဲဟာ Joseon မင်းဆက်အတွင်း 'Boon Won' ကြွေထည်အလုပ်ရုံလေးတွင် အခြေတည်ရိုက်ကူးထားသည် The porcelain produced in Joseon မင်းဆက်ရဲ့ ကြွေထည်များဟာ ၁၆ ရာစိ ခေတ် အာရှတွင် အမြင့်မားဆုံးအရည်အသွေးအဖြစ် လက်ခံထားကြသည် ကြွေထည် ယဉ်ကျေးမှုဟာ သိပ္ပံ နဲ့ အနုပညာနှစ်ခုပေါင်းစပ်ထားသော ပညာဖြစ်လေသည်။ ဒီဇာတ်လမ်းတွဲမှာ Jung Yi က ငယ်ဘဝကို ဂျပန်နိုင်ငံအစား Joseonမှာ ရိုက်ကူးထားပါသည် ဒီဇာတ်လမ်းတွဲဟ Jung Yi နဲ့ Kwang Hae တို့ရဲ့ အချစ်ဇာတ်လမ်းလေးလည်း ဖြစ်နေပြန်သည် မင်းသား Kwang Hae ဟာ ဘဝမှ မုန်တိုင်းအပြည့်နဲ့ ဝမ်းနည်းစရာကောင်းသော မင်းသားလေးတစ်ယောက်ဖြစ်သည် သူဟာ အရမ်းချစ်လျှက်နဲ့ Jung Yi ကို စွန့်လွှတ်ခဲ့သူဖြစ်သည်။ သူ အရမ်းတဲ့အမျိုးသမီးလေးကို ချစ်တဲ့စိတ်ကို မြိုသိပ်ပြီး သူရဲ့ ခက်ခဲတဲ့ဘဝကြမ်းကို တစ်ယောက်တည်း ရုန်းကန်ခဲ့လေသည်။ ဇာတ်လမ်းအပြည့်အစုံကိုတော့ ဆက်လက်ခံစားကြည့်ရှုကြပါလို့…
0 comments:
Post a Comment