30 Episdoes
Rating : 7.5/10
Country : South Korean
Genre : Music,Romance,Melodrama
Cast : Joo Ji Hoon,Ji Chang Wook,Jin Se Yeon,Chae Shi Ra
ဒီဇာတ်လမ်းလေးကတော့ အဖေတူအမေကွဲညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းနဲ့ အားပြိုင်မှုတွေကို စိတ်ဝင်တစားစောင့်ကြည့်ကြရမယ့်ကိုးရီးယားဇာတ်လမ်းတွဲလေးပါ ... ဒီဇာတ်လမ်းလေးထဲမှာ အင်ဟာက စန္ဒယားပညာရှင်တစ်ယောက်ရဲ့ သားဖြစ်ပြီး သူ့အိပ်မက်ကတော့မိသားစုစီးပွားရေးလုပ်ငန်းကိုဆက်ခံဖို့ပါ ... ဒါပေမယ့် တစ်နေ့ကျတော့ သူ့အဖေက အပြင်ကနေ ဂျီဟိုလို့ခေါ်တဲ့ တရားမဝင်သား တစ်ယောက်ခေါ်လာပြီး အဲ့သားကသာ မိသားစုလုပ်ငန်းရဲ့အမွေဆက်ခံသူလို့ကြေညာလိုက်တဲ့အခါမှာတော့ အင်ဟာရဲ့ကမ္ဘာလေး ပြိုလဲသွားခဲ့ရပါတော့တယ် ... အဲ့ကြောင့် ဒီကိစ္စကို အင်ဟာရဲ့အမေက လက်မခံနိုင်ဖြစ်ပြီးတော့မှ လက်တုံ့ပြန်ဖို့အတွက် တရားမဝင်သားဂျီဟိုကို အသုံးချပါတော့တယ် ... မိထွေးတွေရဲ့ထုံးစံအတိုင်း ဂျီဟိုအရှေ့မှာတော့ ကောင်းချင်ယောင်ဆောင်ပြီး နောက်ကွယ်မှာ သူ့သားအတွက်ပဲလုံးပမ်းတော့မှာပေါ့ဗျာ .... အဲ့လိုနဲ့ တစ်ဖက်မှာ ဂျီဟိုက စန္ဒယားပညာရှင်တစ်ယောက်ဖြစ်လာဖို့ ပျိုးထောင်ခြင်းခံခဲ့ရပြီး တစ်နေ့မှာမိသားစုလုပ်ငန်းကိုဆက်ခံရဖို့ဖြစ်လာပါတော့တယ် ... ဂျီဟိုတစ်ယောက်ခဗျာမှာတော့ သူ့မိထွေးနဲ့ အဖေတူညီလေး ကို သူ့ကိုယ်သူထက်ပိုချစ်ပြီး သူတို့အပေါ်အကောင်းဆုံးတွေပဲပေးချင်ခဲ့ပေမယ့် နောက်ဆုံး သူ့ရဲ့အရင်းနှီးဆုံးမိသားစုလို့ တွေးထားတဲ့သူတွေက သူ့အပေါ် ဇာတ်လမ်းဇာတ်ကွက် ၊ အလိမ်အညာ ၊ လုပ်ဇာတ်တွေနဲ့ အသုံးချနေတာကို သိသွားတဲ့အခါ သူပြန်ပြီးလက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် .... ဒီလိုနဲ့ ဇာတ်လမ်းလေးက စတယ်ပေါ့ဗျာ .... ဟုတ်ကဲ့ ... " သံစဉ်မြစ်နှစ်စင်း " ဆိုတဲ့ ဒီ drama လေးကတော့ ၂၀၁၂ ခုနှစ်တုန်းက SBS ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ကားဟောင်းလေးတစ်ကားဖြစ်ပြီး စုစုပေါင်း အပိုင်း (၃၀) ပါဝင်ပါတယ် ... ဇာတ်လမ်းလေးကတော့ Music, Romance, Drama, Melodramaအမျိုးအစားဖြစ်ပြီး ဇာတ်ဆောင်တွေအနေနဲ့ - Yoo Ji Ho (ဂျီဟို) အဖြစ် မင်းသား Joo Ji Hoon ( ကျွန်တော်တို့ ငယ်ငယ်ကအသည်းစွဲကြိုက်ခဲ့တဲ့ Princess Hours ထဲက မင်းသားရှင်း ၊ Along with the gods movie နဲ့ ခုနောက်ဆုံး Kingdom နဲ့ Item ထဲက မင်းသားကြီး ) - Yoo In Ha (အင်ဟာ) အဖြစ် မင်းသား Ji Chang Wook ( မပြောလည်းသိကြမယ်ထင်ပါတယ် မကြာခင်ကထုတ်လွှင့်ပြသခဲ့တဲ့ melting me softly ထဲက မင်းသားချောလေး လေ ) - Hong Da Mi အဖြစ် မင်းသမီး Jin Se Yeon နဲ့ ( ဒီ မင်းသမီးလေးကလည်း ခုလက်ရှိလာနေတဲ့ Queen; love and war ထဲက မင်းသမီးချောလေးပါ ) - Chae Young Rang အဖြစ် မင်းသမီးကြီး Chae Shi Ra ( Queen Insoo, Unkind Women, Goodbye to Goodbye, The Banker တို့ ထဲက မင်းသမီးပါ ) တို့ပါဝင်ထားကြပါတယ် ...
0 comments:
Post a Comment