Criminal Minds (2017)

20 Episdoes

Rating : 7.9/10
Country : South Korean
Genre : Action,Mystery,Crime,Drama,Investigation
Cast : Lee Joon Gi,Son Hyun Joo,Moon Chae Won,Yoo Sun,Lee Sun Bin,Go Yoon

Moonlover မင်းသားလေးရဲ့စုံထောက်ဇာတ်လမ်းတွဲလေးပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ဗုံးရှင်းလင်းရေးရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ကင်ဟွန်းဂျွန်ဟာProfiling လိုခေါ်တဲ့ အမှုကိုလေ့လာသုံးသပ်ကောက်
ကြောင်းပုံဖော်ပေးတဲ့ပညာကိုဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်းမယုံကြည်တော့တဲ့ ရဲဝန်ထမ်းတစ်ဦးပါ။တစ်နေ့မှာတော့လူပျောက်မှုတစ်ခုကို
အမှုလိုက်ရင်း ဒီအမှုဟာကွင်းဆက်လူသတ်မှုတစ်ခုနဲ့ ဆက်စပ်နေတဲ့
အခါမှာတော့….NCI- National Crime Investigation လို့ခေါ်တဲ့ အထူးတပ်ဖွဲ့နဲ့ပူးပေါင်းပါဝင်ဖို့ ဖြစ်လာပါတယ်။NCI ဆိုတာ အထူးတပ်ဖွဲ့
ဆိုတော့ သူရဲ့ အဖွဲ့ဝင်တွေရဲ့ ပညာကျွမ်းကျင်မှုကလည်းထူးခြားလှပါ
တယ်။အထူးအမှုတွေကို စုံစမ်းဖော်ထုတ်တဲ့အဖွဲ့ဆိုတော့ပြစ်မှုကျွမ်းကျင်
သူရဲ့စိတ်ပိုင်းဆိုင်ရာ Criminal mind ကို သိဖို့အထူးအရေးကြီးပါတယ် ။ဒီလူတွေဟာ စိတ္တဇလူသတ်သမားတွေဆိုတော့ အရင်အလောင်းတွေ စစ်ဆေးရတဲ့မူတည်ပြီးသူတို့ဘယ်လိုဆက်လုပ်သွားနိုင်တယ်ဆိုတာ မှန်းဆဖော်ထုတ်ကောက်ကြောင်းဖေါ်တဲ့ Profiling ပညာကို အဓိက ထားရတာပါပဲ။ဒီအဖွဲ့မှာ ပြစ်မှုကျူးလွန်သူတွေရဲ့ အပြုအမူပိုင်းဆိုင်ရာ
ကြည့်ပြီး ကောက်ကြောင်းပုံဖော်တဲ့Behavior Profiling Sepecialist ဟဆန်းဝူး၊ စိတ်ပိုင်းဆိုင်ရာ Psychology ကိုအဓိက ကောက်ကြောင်းပုံ
ဖော်ပေးမယ့် ဆေးပညာနဲ့ စိတ်ပညာ Profiling Specialist
ဒေါက်တာလေးလီဆန်း၊မီဒီယာသမားတွေနဲ့ပတ်သတ်ပြီး ကိုင်တွယ်ဖြေရှင်းပေးမယ့် လူမှုဆက်ဆံရေးကျွမ်းကျင်သူလေး ယူမင်းယောင်း ၊နောက်ကွယ်ကနေ CCTV ခြေရာခံတာ လိုအပ်တဲ့Data တွေ ရှာဖွေပေးမယ့်ကွန်ပျူတာကျွမ်းကျင်ပညာရှင် အပျိုကြီးမမဟွမ် သူတို့တွေအားလုံးကို စီမံကွပ်ကဲနေတဲ့ကောက်ကြောင်းပုံဖော်ပြီးပြစ်မှု
ကျူးလွန်သူတွေရဲ့စိတ်ကို အရမ်းနားလည်တတ်တဲ့ Profiling ဆရာကြီး ဌာနမှူးကန် တို့ပါဝင်ပါတယ် ။ကွင်းဆက်လူသတ်မှုတစ်ခု ကို ဒီပညာတွေအသုံးပြုပြီး ဖော်ထုတ်နိုင်တဲ့အခါမှာတော့ ကင်ဟွန်းဂျွန်းရဲ့ဒီပညာအပေါ်ကို ဘယ်လိုသဘောထားတွေပြောင်းပြီး ဒီအဖွဲ့ထဲရောက်ကာစိတ်ဝင်စားစရာအမှုတွေကိုဆက်လက်စောင့်ကြည့်ပြီး ဘယ်လိုများ Criminal Mind ကိုဖတ်ကြမလဲဆိုတာ
ကြည့်လိုက်ကြရအောင်

0 comments:

Post a Comment