Cinema Paradiso (1988)

Rating : 8.4/10
Country : Italy
Genre :   Drama 
Cast :  Antonella Attili, Enzo Cannavale, Isa Danieli
Released Date : 1988
Duration : 2h 35min

1988ကဇာတ်ကားဖြစ်ပြီးတော့ ဆုပေါင်းများစွာကိုလည်း ရရှိထားပါတယ်ဇာတ်လမ်းကတော့ ရုပ်ရှင်ကိုအရမ်းရူးသွပ်တဲ့သူတစ်ယောက်ရဲ့ဘဝအကြောင်းရိုက်ထားတာပါ ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်နှစ်ယောက်ကတော့အဲလ်ဖရက်ဒိုလို့ခေါ်တဲ့ ရုပ်ရှင်ရုံမှာ
ပရိုဂျက်တာထိုးတဲ့သူနဲ့ ဆာလဗာတိုဆိုတဲ့ရုပ်ရှင်တွေနဲ့ရုပ်ရှင်ရုံကို ဘဝလိုသတ်မှတ်ထားတဲ့ကောင်လေးတို့ပဲဖြစ်ပါတယ် ဇာတ်လမ်းအစမှာ ရောမမြို့ကနာမည်ကြီးဒါရိုက်တာတစ်ယောက်ဟာအဲလ်ဖရက်ဒိုဆိုတဲ့သူဆုံးပြီဆိုတဲ့ သတင်းကြားပြီးနောက်နောက်ကြောင်းပြန်ရာကနေစပါတယ်ဒီနောက်ကြောင်းပြန်ရာကနေပဲသူ့ရဲ့ငယ်ဘဝ အဖြစ်အပျက်များကတိုတို ဆိုတဲ့ကောင်လေးအဖြစ်မှာကြုံခဲ့ရတဲ့အကြောင်းတွေကို ရိုက်ကူးထားတာပါအဲဖရက္ဒိုက တိုတုိ ေခၚ ဆာလဗာတိုကိုအစပိုင်းမှာ အန္တရယ်ဖြစ်မှာစိုးလို့ရုပ်ရှင်ရုံထဲကနေမောင်းထုတ်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ ကောင်လေးရဲ့စိတ်ဝင်စားမှုကိုနားလည်လာခဲ့ပါတယ် ဒီလိုနဲ့ နေ့နေ့ညညပရိုဂျက်တာခန်းထဲမှာ ပရိုဂျက်တာထိုးတဲ့အလုပ်ကိုသင်ပေးရင်းနဲ့ ကောင်လေးကို သားအရင်းတစ်ယောက်လိုသံယောဇဉ်တွယ်မိသွားသလို တိုတို ကလည်းအဲလ်ဖရက်ဒိုကို ဖခင်တစ်ယောက်လို ချစ်ခင်သွားခဲ့ပါတယ်ဒီရုပ်ရှင်ကားဟာ ကျွန်တော်တို့ အတွက် နှလုံးသား အဟာရဖြည့်ပေးမယ့် ရုပ်ရှင်ကားကောင်း တစ်ခု ဖြစ်သလိုဘဝ မှာ မသေခင် ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်…ရုပ်ရှင် ရုံတင်တဲ့ ခုနှစ် ကတော့ ၁၉၈၈ ခု နှစ်ဖြစ်ပြီးယခု ဆိုရင် နှစ်ပေါင်း ၃၀ တောင် ပြည့်တော့မှာပါလွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်က ရုပ်ရှင် တစ်ခုဟာယနေ့ခေတ် လူငယ်တွေ ရော အဲ့ဒီခေတ်ဘက်ပါလူတွေပါ ပြန်ကြည့်ရင် ကြည်နူးစရာ ၊ လွမ်းဆွတ်စရာတွေးစရာတွေ အစုံအလင် ရနိုင်မှာပါ….ပိုပြီးထူးခြားတာက ရုပ်ရှင်ရုံ နဲ့ ပတ်သက်တဲ့ရုပ်ရှင်ကား ဖြစ်တာကြောင့် အဖြူ အမဲ ခေတ်ကာလာစုံခေတ် ဖလင်စက် အကူးအပြောင်းတွေ နဲ့ ရုပ်ရှင်ကားနာမည်ပေါင်းစုံ အပြင်ရုပ်ရှင်ကားတွေ ရဲ့ ဒိုင်ယာလော့ခ် တွေပါအမှတ်တရ ရှိစွာ ပြန်လည်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်….ဇတ်လမ်းလေးဟာ တိုတို ဆိုတဲ့ အသက် ၅ နှစ်ပဲရှိသေးတဲ့ ကလေးတစ်ယောက် နဲ့ စတင်ထားပြီးအစကနေ အဆုံးထိ ထိုင်ရာက မထစတမ်းရုပ်ရှင်ကြည့်သူများကို ဆွဲခေါ်သွားမှာ မုချ ပါပဲ… ………………………………………………Cinema Paradiso ရုပ်ရှင်မှရရှိခဲ့သောဆုများ(1) 1990 Oscar Best Foreign Language Film(2) Grand Prize of the Jury Cannes Film Festival 1989(3) Best Foreign Language Film Hollywood Golden Globes(4) Special Prize of the Jury Felix Award 1989(5) Best Actor for Philippe Noiret Felix Award 1989(6) Best Foreign Film French César Awards(7) Best Poster of the Year French César Awards(8) Best Foreign Film Japanese newspaper “Mainichi Eiga”(9) Best Foreign Language Film Japanese press(10) EuropaCinema Festival Prize Best technical contribution(11) Confédération internationale des cinémas d’essai Prize(12) Pasinetti Prize Italian Syndicate of Film Journalists(13) Best Music David di Donatello Awards(14) Best Original Film Score prize for Ennio Morricone(15) Efebo d’Oro Prize 1989(16) Cinema & Società Prize 1989တို့ပဲ ဖြစ်ပါတယ်…

0 comments:

Post a Comment