Athena Goddess of War (2010)

20 Episodes

Rating : 7.3/10
Country : South Korean
Genre : Action,Thriller,Romance
Cast : Jung Woo Sung,Park Soo Ae

သိပ်မကြာတော့တဲ့ အနာဂတ်မှာ ကိုရီးယားကျွန်းဆွယ်နှစ်ခုပြန်လည်ပေါင်းစည်းဖို့ဖြစ်လာပါတယ်။
အဲ့ဒီလိုပြန်လည်ပေါင်းစည်းမှုအောင်မြင်ဖို့အတွက် ရန်ပုံငွေတွေ အများကြီးလိုအပ်တဲ့အတွက် တောင်ကိုရီးယားအစိုးရဟာ TWR ဆိုတဲ့ နည်းပညာသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။
TWR ဟာ မြန်နှုန်းမြင့် နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုဖြစ်ပြီး တစ်ခြားတိုင်းပြည်တွေက အဲ့ဒီနည်းပညာကို လိုချင်လာပါတယ်။
TWR ပေါ်ထွက်ပြီး နောက်ပိုင်း ဖြစ်ရပ်ဆိုးတွေကို ကာကွယ်ဖို့အတွက် အစိုးရဟာ NTS
( အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေး) အဖွဲ့အစည်းသစ်ကို ဖွဲ့စည်းခဲ့ပြီး ဂျန်ဝူးကို
NIS ကနေ NTS ကိုရွှေ့ပြောင်းခဲ့တယ်။
သူက ရွှေ့ပြောင်းမှုအတွက် စိတ်လှုပ်ရှားနေပြီး တကယ့်အေးဂျင့်တစ်ယောက်ဘဝကို နေထိုင်ရဖို့မျှော်လင့်နေခဲ့ပေမယ့် တကယ်တမ်း သူ့တာဝန်က မြောက်ကိုရီးယား ပြည်ပြေးတွေကိုစောင့်ကြည့်ဖို့ဆိုတာ သိလာခဲ့ပါတယ်။
တစ်နေ့မှာ ဂျန်ဝူးကို မြောက်ကိုရီးယားက အကြမ်းဖက်သမားတွေကို ခြေရာခံဖို့
အီတလီကိုသွားဖို့ အမိန့်ရလာပါတယ်။
ဂျန်ဝူးဟာ အီတလီကို ကီဆူး နဲ့အတူတူသွားခဲ့တယ်။
ကီဆူးကတော့ တောင်ကိုရီးယားကို ဘက်ပြောင်းလာတဲ့ မြောက်ကိုရီးယားအေးဂျင့်ဟောင်းတစ်ယောက်ဖြစ်ပါတယ်။
ကီဆူး အဓိက ကျွမ်းကျင်တာကတော့ ဥရောပ ဒေသတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေပါပဲ။ အခုမတိုင်ခင်အထိတော့ ဂျန်ဝူးစောင့်ကြည့်ရမယ့် ပြည်ပြေးက ကီဆူး ဖြစ်နေပါတယ်။
အီတလီမှာရှိနေတဲ့ အချိန်မှာ တောင်ကိုရီးယား သမ္မတ မြောင်ဟိုရဲ့ သမီး ဆိုယောင်းကို အကြမ်းဖက်သမားတွေပြန်ဆွဲသွားတာ ခံရပါတယ်။
ဒီအမှုကိုလိုက်ဖို့အတွက် တောင်ကိုရီးယား အစိုးရက NTS အေးဂျင့်တွေကို
ထပ်လွှတ်လိုက်ရတဲ့ အချိန်မှာ အခြေအနေတွေ ရှုပ်ထွေးလာခဲ့ပြီး ဒါတွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ ATHENA ဆိုတဲ့ အဖွဲ့အစည်းတစ်ခုအကြောင်း သူတို့သိလာခဲ့ပါတယ်။အညွှန်းကဒီထိပဲမို့လို့ကိုယ့်ဘာသာဆက်ကြည့်လိုက်ပါတော့

0 comments:

Post a Comment