A Piece of Your Mind (2020)

16 Episodes

Rating : 9.5/10
Country : South Korean
Genre : : Romance,Drama,Melodrama
Cast : : Jung Hae In, Chae Soo Bin,Lee Ha Na,Kim Sung Gyu

မမနဲ့မောင်လေး ဇာတ်ကား Something in the rain (မမဆယ်ရီနဲ့Roတဲ့ ကား) ထဲက မင်းသား Jung Hae In နဲ့
I'm not a Robot ဇာတ်ကားထဲက မင်းသမီး Chae Soo Bin တို့က အဓိကပါဝင်သွားမှာပါ။

M&H Companyတည်ထောင်သူ လည်းဖြစ် AI Programmer တစ်ယောက်လည်း ဖြစ်တဲ့ မင်းသား Ha Won(Jung Hae In)က တည်ငြိမ်အေးဆေးပြီး တိတိကျကျလုပ်တတ်တဲ့ သူပါ။ အလုပ်နဲ့ပက်သက်ရင်တော့ Serious ဖြစ်တတ်သူပေါ့။

မင်းသမီး Han Soo Woo(Chae Soo Bin)ကတော့ အသံသွင်း အင်ဂျင်နီယာမလေး အဖြစ် သရုပ်ဆောင်မှာပါ။Soe Woo က
မိသားစုပြသာနာတွေနဲ့ ရှုပ်ထွေးနေတတ်သူပေမဲ့ ပျော်ပျော်နေတတ်သူတစ်ယောက်ပါ။စိတ်ဓာတ်ကျနေချိန်တွေဆို သင်္ချာပြသာနာတွေကို ဖြေရှင်းပြီး နေတတ်သူပေါ့။

Support Role အနေနဲ့
မင်းသမီး Lee Ha Na က ဥယျာဉ်မှုးတစ်ယောက် အနေနဲ့ပါဝင်သွားမှာပါ။
မင်းသား Kim Sung Kyu ကတော့ စန္ဒယားဆရာ တစ်ယောက်ဖြစ်ပြီး လူတွေနဲ့ ပြောဆိုဆက်ဆံရမှာ ဝန်လေးသူပါ။
Parasite ဇာတ်ကားထဲက မင်းသမီးကြီး Jang Hye Jin ကနေ မင်းသမီးရဲ့ အမေ အဖြစ်ပါဝင်ထားပါသေးတယ်။

Romance/Comedy အမျိုးအစားဖြစ်တာကြောင့် ဘယ်လိုတွေ တွေ့ဆုံကျမလဲ?
အသံသွင်း အင်ဂျင်နီယာမလေး ဆိုတော့ အသံနဲ့ပက်သက်ပြီး အလုပ်တွေပဲ တူတူတွဲလုပ်ရမလား?
Programmer သမားနဲ့ Engineer မမ နဲ့ ဘယ်လိုတွေ တွေ့ဆုံပြီ Roကျမလဲ?
Jang Hae Jinကရော ဘယ်လိုချစ်စရာကောင်းတဲ့အပြုံးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းကို ခြွေယူဦးမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့နော် ။

0 comments:

Post a Comment