Erkenci Kus (2018)


 
Episodes : 100
Country : Turkey
Released Date : 2022
 
အညွှန်း
ကမ္ဘာ​ကျော်သွားခဲ့တဲ့ တူရကီ အချစ်ရိုမန့်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်​ပေးပါရ​စေ….

မင်းသားချော Can Yaman နဲ့ မင်းသမီးချော Demet Ozdemir တို့ပါဝင်ထားတဲ့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Erkenci Kuş ဆိုတဲ့ စီးရီးလေးပါ။

IMDb Rating (7.3) ထိ ရရှိခဲ့ပြီး ကမ္ဘာတစ်လွှားက မိန်းကလေး ပရိသတ်များအကြား ဝက်ဝက်ကွဲအောင်မြင်ခဲ့တာပါ။
Best Romantic Comedy TV series ဆုကိုလဲ ရရှိခဲ့ပါတယ်…

Can Yaman နဲ့  Demet Ozdemir တို့ကို အလွန်လိုက်ဖက်တဲ့ တူရကီစုံတွဲသရုပ်ဆောင်အဖြစ် သတ်မှတ်ကြတဲ့အထိ ဒီစီးရီးမှာ သူတို့နှစ်ယောက်က အသက်ဝင်ခဲ့ကြပါတယ်။တကယ်လဲ သူတို့နှစ်ယောက်ရဲ့ အရိုခန်းတွေက ကြည့်ရှုသူတွေကိုပါ ကြည်နူးပြုံးပျော်လာစေတာမျိုးပါ။

ဇာတ်လမ်းအကျဥ်းက​တော့….

​အောင်မြင်တဲ့ စာ​ရေးဆရာမဖြစ်ချင်သူ Sanem တစ်​ယောက် ဘယ်အလုပ်ကိုမှ ၃ပတ်ထက် ပိုမခံခဲ့ပါဘူး
အ​​ဖေဖြစ်သူရဲ့ ကုန်စုံဆိုင်မှာ ဝိုင်းကူရင်း စိတ်ကူး​ယဉ်​နေသူတစ်ယောက်…
Sanemရဲ့ အ​မေက အလုပ်အတည်တကျရှာမလား ​ပေးစားသူနဲ့ ယူမလားဆိုပြီး အကြပ်ကိုင်တဲ့အခါ အစ်မ ​Leyla လုပ်​နေတဲ့ ကုမ္ပဏီမှာ ဂျူနီယာ ဝန်ထမ်းအဖြစ် ဝင်​ရောက်လုပ်ကိုင်ပါ​တော့တယ်…

အဲ့ဒီ့ကြော်ငြာကုမ္ပဏီကြီးရဲ့ ​ဘော့စ် Aziz မှာ သား၂​ယောက်ရှိပါတယ်
သားအကြီး Jan က​တော့ ​တော​တောင်သဘာဝကို ချစ်မြတ်နိုးတဲ့ နာမည်​ကျော် ဓါတ်ပုံဆရာပါ…(သဘာဝကိုချစ်မြတ်နိုးတတ်တာကြောင့် သဘာဝအတိုင်း ဗလတောင့်တောင့် လူကောင်ကြီးကြီးနဲ့ ယောကျ်ားဆန်ဆန် ရိုးရိုးရှင်းရှင်းနေတတ်တဲ့ လူချောတစ်ယောက်ပါ။)
သားအငယ်​ဖြစ်တဲ့ Emre က​တော့ အ​ဖေရဲ့ ကုမ္ပဏီကို လက်လွဲယူချင်သူဖြစ်ပေမယ့် အကျင့်တော့သိပ်ကောင်းတဲ့လူမဟုတ်ပါဘူး။

သူတို့အဖေ ​Aziz ဟာ ကျန်းမာရေးအခြေအနေကြောင့် အနားယူဖို့လိုနေတာကြောင့် ကုမ္ပဏီကို သားအကြီး Jan နဲ့လွှဲအပ်ခဲ့ပြီး Jan အနေကလဲ ဒီအလုပ်ကို သိပ်စိတ်မဝင်စားလှပေမယ့် အ​ဖေရဲ့ကျန်းမာ​ရေး​ကြောင့် ခဏတာ တာဝန်ယူဖို့ သ​ဘောတူလိုက်ပါတယ်…ညီဖြစ်သူ Emre ကတော့ ကုမ္ပဏီကို အုပ်စိုးခွင့်မရလိုက်တာကြောင့် ကုမ္ပဏီသူ့လက်ထဲရောက်ဖို့ ဘာမဆိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။

ဒီလို ညီအစ်ကို ၂ ယောက်ကြားထဲကို အရာရာနဲ့အကြောင်းကြောင်း အမြဲတလွဲဖြစ်တတ်တဲ့ Sanem ဆိုတဲ့ အူကြောင်ကြား မင်းသမီးလေး ရောက်ရှိလာတဲ့အခါမှာတော့……။

 

0 comments:

Post a Comment