Café Minamdang (2022)


Episodes :18
Country : Korea
Released Date : 2022
 
 

အညွှန်း

မျဉ်းပြိုင်နှစ်ကြောင်းက မဆုံနိုင်ပေမယ့် ဖူးစာပါရင်တော့
လူလိမ်နဲ့စုံထောက်မလေးတို့လည်း ဆုံစည်းတတ်ကြပါတယ်

Doom at Your Service ထဲက Multi-talented Actor Seo In-Guk နဲ့
Kdrama ပရိသတ်တွေနဲ့မစိမ်းတဲ့ မင်းသမီးချော Oh Yeon-Seo တို့ရဲ့
Comeback Drama ဖြစ်တဲ့ “Café Minamdang”

အရင်ကတော့ ရာဇဝတ်မှုစုံစမ်းရေးအဖွဲ့သားတစ်ယောက်ဖြစ်ပေမယ့်
လက်ရှိအချိန်မှာ လူလိမ်တစ်ယောက်ဖြစ်နေတဲ့ Nam Han-Joon က “Minamdang” ဆိုတဲ့ ဗေဒင်ရှေ့ဖြစ်ဟော Cafe လေးတစ်ခုကို ဖွင့်လှစ်ထားလိုက်ပါတယ်

ဗေဒင်တတ်မြောက်လို့တော့ မဟုတ်ပေမယ့် ချောမောတဲ့‌ရုပ်ရည်နဲ့
စကားပြောကောင်းတဲ့ Han-Joon ကြောင့် ရောက်လာကြတဲ့ဧည့်သည်တွေကလည်း မနည်းပါဘူး

ထိပ်တန်းဟက်ကာနဲ့ စုံထောက်အေဂျင်စီကလူတို့ကို သူငယ်ချင်းတော်ထားတဲ့ Han-Joon ကတော့
ငွေရရှိဖို့အရေးအတွက် သူ့ဧည့်သည်တွေကို အမျိုးမျိုးအဖုံဖုံဆွဲဆောင်ပြီး တချို့ကိစ္စတွေကို သူကိုယ်တိုင် ပါဝင်ကူညီရင်း
စုံထောက်မလေး Han Jae-Hee နဲ့တွေ့ဆုံဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့…။

အမှန်တရားဘက်မှာပဲ အမြဲရပ်တည်တတ်ပြီး စုံထောက်သက်တမ်း ၃ နှစ်ရှိနေပြီဖြစ်တဲ့ Jae-Hee တစ်ယောက်
လူလိမ်လေး Han-Joon နဲ့တွေ့ဆုံမိပြီး ဘယ်လိုပတ်သက်ဆက်နွှယ်မှုတွေရှိလာမလဲ

လူလိမ်နဲ့စုံထောက်မလေးတို့ရဲ့ ဆက်ဆံရေးဟာ ဘယ်လိုပြောင်းလဲသွားမလဲ ။ မျဉ်းပြိုင်လိုဖြစ်နေတဲ့ သူတို့နှစ်ဦး ပေါင်းဖက်သွားနိုင်ပါ့မလား  .....

 

 

 

 

0 comments:

Post a Comment