Bhool Bhulaiyaa 2(2022)


Rating : 6.3/10
Country :India
Genre :Comedy,Horror,India Movie,
Released Date : 2022
Duration :  2h 23min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

နံပါတ် ၁ ကတော့ ၂၀၀၇ တုန်းက ထွက်ရှိထားပြီး အဲ့ဒီဇာတ်ကားမှာတော့

မင်းသားကြီးအက်ရှေးကူမားက ပါဝင်သရုပ်ဆောင်ထားပါတယ်….

နံပါတ် ၁တုန်းကလည်း အောင်မြင်ခဲ့ပြီး ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့

ထိတ်လန့်စရာကောင်းခဲ့သလို ဟာသလေးတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်….

အခု နံပါတ်၂ မှာလည်း မင်းသားကာသစ်ဟာ အက်ရှေးကူမားရဲ့ နံပါတ် ၁ ကို

အမှီလိုက်ဖို့  ကြိုးကြိုးစားစားသရုပ်ဆောင်ထားလို့ ကြည့်လို့ကောင်းခဲ့ပါတယ်..

..မင်းသမီးကလည်း ကီယာရာလေးဆိုတော့ ပုရိသတွေ အသည်းစွဲပါပဲ..

.ဒီဇာတ်ကားမှာ မင်းသမီးကြီး တဘူးက အမြွှာညီအစ်မ နှစ်ကိုယ်ခွဲနေရာကနေ သရုပ်ဆောင်ထားပါတယ်..

.သူမကလည်း မခေသူမို့ ဇာတ်လမ်းဇာတ်ကွက်တွေကို ပိုအရှိန်မြှင့်တင်ပေးနိုင်ခဲ့ပါတယ်…

အောက်လမ်းမှော်ပညာတွေသင်ယူတတ်မြောက်ပြီး ထာကူရ်(မြေပိုင်ရှင်/တော်ဝင်)မျိုးရိုးထဲက

ချွေးမဖြစ်သူဟာ သူ့ရဲ့အတ္တစိတ်နဲ့ မကျွတ်မလွတ်နိုင်ဘဲ စံအိမ်ကြီးထဲမှာ ချိတ်ပိတ်ထားခံရတယ်..

ဒါကို မင်းသားနဲ့ မင်းသမီးဟာ မထင်မှတ်ဘဲ သူ့ကို လွှတ်ပေးလိုက်မိပါတယ်….

၁၈နှစ်ကြာလောင်ကျွမ်းနေတဲ့ လက်စားချေလိုစိတ် ဒေါသမီးတွေနဲ့ ဒီမကောင်းဆိုးဝါးမကြီး

လွတ်မြောက်လာတဲ့အခါမှာတော့ ဒီတ်မိသားစုလုံးကို ဘယ်လိုလက်စားချေလာတော့မလဲ….။

ဒီဇာတ်ကားမှာလည်း မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေနဲ့ မြှုပ်ကွက်လေးတွေပါနေလို့

ရင်တဖိုဖိုနဲ့ ကြည့်ရမယ့်အပြင် ဟာသလေးတွေပါလို့ ဖန်သားပြင်ထက် မှာ

အချိန်ပေးရကျိုးနပ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်..

 

 

 

 

 

0 comments:

Post a Comment