Shark Bait (2022)


Rating : 4.2/10
Country : United State
Genre : Thriller,
Released Date : 2022
Duration :  1h 27min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

သူငယ်ချင်း​တွေ ပင်လယ်ကမ်း​​​​ခြေကို ခရီးထွက်လာမယ်၊ ​ပျော်ပါး
ကြမယ်၊ အရာရာ ပျော်စရာအတိ ဖြစ်​နေရင်​တော့ ​သေချာပါတယ်၊
အဖျက်သမားတစ်​ကောင် ​ပေါ်လာ​တော့မှာပါ၊ သူက​တော့ အားလုံး
သိပြီးသား ​ကို​ရွှေငါးမန်းရယ်​ပေါ့၊ ငါးမန်းနဲ့ပတ်သတ်တဲ့ ဇာတ်ကား
အများစုက ဒီလိုဖန်တ​ရာ​တေ​နေတဲ့ ဇာတ်အိမ်​မျိုး​​တွေ ဖြစ်​ပေမယ့်
ဒီလိုကား​တွေက ရလာတဲ့ သည်းထိပ်ရင်ဖိုတွေ၊ ဇာတ်​ကောင်​နေရာ
က​နေ ကျီးလန့်စာစား ဖြစ်ရပုံ​တွေ၊ ငါးမန်းရန်က လွတ်နိုင်ပါ့မလား
​ကိုယ်စား​​တွေးပူမိတဲ့ စိတ်ခံစားချက်​တွေ​ကြောင့်လည်း ဒီ​​နေ့​ခေတ်
ဒီအချိန်​ထိ ငါးမန်းရုပ်ရှင် သည်း​ခြေကြိုက်ဖန်တွေ ရှိ​နေဆဲပါ။

 

အခု ၂၀၂၂ထွက် ငါးမန်းကားသစ်ဟာလည်း အထက်ပါမဲပြာပုဆိုး
ဇာတ်အိမ်ပါပဲ၊ သူငယ်ချင်း​တွေ ကမ်း​ခြေကို ခရီးထွက်လာတယ်၊
မူးရူး​ပျော်ပါးတယ်၊ ​ရှေ့​နောက်မကြည့်ဘဲ စပိဘုတ်​​တွေနဲ့ ပင်လယ်
ထဲ ထွက်လာတယ်၊ ကမ်းနဲ့ အ​တော်​ဝေး​ဝေးမှာ အက်စီးဒင့်ဖြစ်ပြီး
​ပင်လယ်ထဲ မဟာဇနက္က​​နဲ့ နင်လား ငါလား ဖြစ်သွားတယ်၊ အဲဒီမှာ
ဇာတ်လိုက်​ကျော် ​ငါးမန်းဖြူကြီး ​ရောက်လာတယ်၊ ငါးမန်းရန်က
လွတ်​အောင် ကြိုးစားကြတယ်​ပေါ့။

 

ဇာတ်လမ်းက ဒါပါပဲ၊ ရိုးရှင်းတယ် ခန့်မှန်းရလွယ်တယ်၊ သင်ခန်းစာ
ယူလို့ရတဲ့ ကားမျိုး​တော့ မဟုတ်ဘူး၊ ဒါ​ပေမဲ့ သူတို့ရဲ့ အသက်​ဘေး
လွတ်​အောင်ကြိုးစားပုံ​တွေ၊ ရုတ်တရက် Jumpscareလို ​ပေါ်လာတဲ့
ငါးမန်းပုံစံ​တွေ၊ ဘယ်သူ​တွေ​သေပြီး ဘယ်သူ​တွေ ဘယ်လိုကြိုးစား
ရုန်းကန်ပြီး လွတ်​မြောက်လာပုံ​တွေကပဲ ဒီလို survival thrillerကား
​တွေရဲ့အသက်မဟုတ်လား၊ ငါးမန်းကား​ကြိုက်တဲ့သူ​တွေ၊ ဟဲဗီး​တွေ
မခံစားချင်တဲ့၊ အ​​တွေးနယ်ချဲ့စရာ မလိုတဲ့ ပေါပေါ ပါးပါး
ဝုန်းဒိုင်းကြဲကား​​တွေမှကြိုက်တယ်ဆိုရင်​တော့ ၁နာရီခွဲဆိုတဲ့
ကြာချိန်အတွက် နှ​မြောတသ၃ကြိမ်ရွတ်စရာမလိုတဲ့
ကားဆို​တာ​တော့ ​​သေချာပါတယ်။

 

 

0 comments:

Post a Comment