Silverton Siege (2022)


Rating : 5.5/10
Country :United State
Genre : Action,Crime,Drama,
Released Date : 2022
Duration :  1h 40min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

​၁၉၈၀ပြည့်နှစ် ​တောင်အာဖရိကနိုင်ငံ အ​ခြေအ​နေကို ဇာတ်အိမ်တည်ထားပြီး

ထို​ခေတ်ရဲ့ လူဖြူ၊ လူမည်း ခွဲခြားဆက်ဆံမှုနဲ့

နှိမ့်ချမှု​တွေ​ကြောင့် ပွင့်အံထွက်လာတဲ့ လူမည်း​တွေရဲ့ ခံစားချက်ကို

ဒီဇာတ်ကားထဲမှာ ထင်ဟပ်ပြထားတာဖြစ်ပါတယ်။

 

၁၉၈၀မှာ တောင်အာဖရိကရဲ့ အထင်ကရပုဂ္ဂိုလ်ကြီးဖြစ်တဲ့

နယ်ဆင်မင်ဒဲလားဟာ အာဏာပိုင်​တွေရဲ့ ဖမ်းဆီးခြင်းကို

ခံထားရပါတယ်၊ အဲဒီအချိန်မှာ လူမျိုး​ရေးခွဲခြားမှုကို

အ​တော်စက်ဆုပ်​နေတဲ့၊ ထိုဝါဒကို တိုက်ထုတ်ပြီး လူတိုင်းတန်းတူညီမျှဖြစ်​​ရေးကို

လက်​တွေ့ အ​ကောင်အထည်​ ဖော်ချင်​နေတဲ့ ကယ်ဗင်ခွန်မာလိုတို့

သူငယ်ချင်းတစ်စုဟာ ပြည်သူ​တွေထိခိုက်​သေဆုံးမှုမရှိဘဲ

သူတို့ဖြစ်ချင်တဲ့ဆန္ဒ​တွေကို အစိုးရထံ တောင်းဆိုလို့ရနိုင်မယ့်

စီးနင်းမှုတစ်ခုကို ကျူးလွန်ဖို့ ကြံစည်ခဲ့ပါတယ်။

 

ဒါ​ပေမဲ့ အကြံအစည်​​ အ​ကောင်အထည်​​ဖော်လို့ မပြီးခင်ပဲ

အဖွဲ့တွင်းသတင်း​ပေးရဲ့ တိုင်ကြားမှု​ကြောင့် အစီအစဉ်ပျက်ကာ

ရဲလက်ကလွတ်​အောင်ပြေးရင်း ​​ဆေးလ်ဗာတန် ပရီတိုရီးယားက

ဘဏ်တစ်ခုထဲ ​ရောက်ရှိသွားကာ ​ပေါက်သည့်နဖူး မထူး​တော့ပြီဆိုတဲ့အတိုင်း

ထိုဘဏ်ကိုပဲအနုကြမ်းစီးရင်း သူတို့ရဲ့အဓိကဆန္ဒဖြစ်တဲ့

နယ်ဆင်မင်ဒဲလားကို လွှတ်​ပေး​ရေး အပါအဝင် တခြား

​တောင်းဆိုမှု​တွေအတွက် အစိုးရအရာရှိ​တွေ၊ စုံ​ထောက်​နဲ့ ရဲ​တွေနဲ့

ထိပ်တိုက်​တွေ့ဆုံမှု​တွေ ရှိလာပါ​တော့တယ်။

 

ဇာတ်အစ ၅ ၆ မိနစ်ကတည်းက စတက်ခဲ့တဲ့ ဇာတ်ရှိန်က

ပြီးတဲ့အချိန်အထိNon-stopသွား​နေတဲ့ အက်ရှင်ဇာတ်ကားမျိုး

ဖြစ်ပါတယ်၊ ဒီ​နေ့​ခေတ်မှာ​တောင် Black Lives Matter တို့လို

Campaign​တွေ ပြုလုပ်​နေရဆဲ ဖြစ်တဲ့ Racist ပြဿနာဟာ

၂၁ရာစုမတိုင်ခင်အထိ ဘယ်​လောက်ကြီးမားခဲ့လဲ၊ လူမည်း​တွေ

ဘက်ကလည်း ဘယ်လိုစိတ်ဒဏ်ရာ​​တွေ ရှိခဲ့လဲဆိုတာမျိုးကိုပါ

ပညာ​ပေးသ​ဘော ယှဉ်တွဲပြထားတာပဲ ဖြစ်ပါတယ်။

 

 

0 comments:

Post a Comment