Rudra: The Edge Of Darkness (2022)


 

 

Episodes : 6
Country : India
Released Date : 2022
 
 

အညွှန်း

ဒီဇာတ်လမ်းတွဲကတော့ အင်္ဂလိပ်စီးရီးတစ်ခုဖြစ်တဲ့ Luther ကို

အန္ဒိယဇာတ်လမ်းတွဲအဖြစ်ပြန်လည်အသက်သွင်းထားတဲ့ Crime/Thriller စီးရီးတစ်ခုပဲဖြစ်ပါတယ်။

ဇာတ်လမ်းအစအဆုံးတစ်ထေရာထဲပြန်ရိုက်ထားတာတော့မဟုတ်ပေမယ့် Remake လို့ပြောထားတာကြောင့်

ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကြောရိုးတချို့ကတော့ဆင်တူနေမှာပါ။ မူရင်း Luther စီးရီးကတော့ ၂၀၁၀ ခုနှစ်ထဲကစတင်ပြီး

Season(5) ခုထွက်ရှိထားပြီး အခုအိန္ဒိယဇာတ်လမ်းတွဲက တော့ Season(1) ကို အပိုင်း(6)ပိုင်းနဲ့ထွက်ရှိလာတာပါ။ဇာတ်လမ်းအကျဥ်းကတော့ မွန်ဘိုင်းမြို့တောင်ပိုင်းက ရူဒရာဆိုတဲ့ရဲတစ်ယောက်ဟာ

သေနတ်လုံးဝမကိုင်တဲ့ရဲဆိုပြီးနာမည်ကျော်ပါတယ်။ ဟုတ်ပါတယ် သူဟာလူသတ်မှု၊

ပြန်ပေးဆွဲမှု စတဲ့အမှုကြီးတွေကိုကိုင်တွယ်ရပေမယ့်လည်း သေနတ်ကိုလုံးဝမကိုင်ပဲ

Mind game တွေကိုသာသုံးပြီးအမှုတွေကိုဖြေရှင်းလေ့ရှိတာပါ။ ဒီလိုအရည်အချင်းရှိတဲ့

ရဲတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်ဘဝမှာတော့အမြဲအဆင်ပြေမနေခဲ့ပါဘူး။

ကွဲခါနီးဖြစ်နေတဲ့အိမ်ထောင်ရေးတစ်ခု၊ ဖြေရှင်းစရာကျန်နေတဲ့အမှုတွေကြားမှာ

သူဘယ်လိုကျော်လွှားမလဲ။ အမှောင်လောကနဲ့ရင်ဆိုင်ရင်း ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းကိုရော

ရူဒရာတစ်ယောက် ထိန်းချုပ်နိုင်ပါ့မလား။ အဲဒါတွေနဲ့အတူ စိတ္တဇဆန်ဆန်မှုခင်းတွေနဲ့ plot twist တွေ

mind game တွေကို ဝေဝေဆာဆာကြည့်ရှုရမယ့်စီးရီးတစ်ခုဖြစ်တဲ့အပြင် နဂိုအင်္ဂလိပ်ဇာတ်လမ်းရဲ့ကြောရိုးကို

အိန္ဒိယစတိုင်ပြန်ရိုက်ထားတာကလည်းကြည့်ရတာ အရသာတစ်မျိုးဖြစ်တာကြောင့် မှုခင်း/စုံထောက်ကားကောင်းတွေကို

ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအနေနဲ့လက်လွှတ်မခံသင့်တဲ့စီးရီးတစ်ခုလို့ပဲညွှန်းလိုက်ပါရစေ။

0 comments:

Post a Comment