Mai: A Mother’s Rage (2022)


 

 

Episodes : 6
Country : India
Released Date : 2022
 
 

အညွှန်း

ဒီဇာတ်ကားလေးကတော့ Netflix ကနေပူပူနွေးနွေးထွက်ရှိထားတဲ့

မှုခင်းဒရမ်မာကားလေးဖြစ်ပြီးတော့ IMDB ကလည်း 8.1ထိရထားတာမို့ ကြည့်မကောင်းမှာလည်း စိတ်မပူပါနဲ့နော်

ဇာတ်လမ်းအကျဉ်းလေးကတော့

တစ်နေ့မှာ Sheel နဲ့ သမီးဖြစ်သူ Supriya က လမ်းလယ်ခေါင်မှာ

ကတောက်ကဆစကားများကြရင်းနဲ့ သမီးဖြစ်သူကကိုယ့်မျက်စိရှေ့တင်ကားတိုက်ခံရပြီးဆုံးပါးသွားခဲ့ပါတယ်

တရားရုံးကလည်း မူးယစ်ရင်းကားမောင်းမှုကြောင့်ကျူးလွန်မိတာဆိုပြီး ‌ဒရိုင်ဘာကိုထောင်ချခဲ့ပေမဲ့

Sheel ဟာ အမှုက တစ်ခုခုလွဲမှားနေတာကို သတိထားမိလာခဲ့ပါတယ်

Sheel ဟာ မိသားစု၀င်တွေအတန်တန်တားကြတဲ့ကြားက အမှန်တရားကို

ကိုယ်တိုင်ဖော်ထုတ်ဖို့ကြိုးစားရင်းနဲ့ သမီးဖြစ်သူရဲ့လူသတ်မှုမှာ

နိုင်ငံရေးသမားဖြစ်တဲ့ Jawahar ပါ၀င်နေတာကို သိလိုက်ရတဲ့အချိန်မှာ

Sheel တစ်ယောက် သမီးအတွက် ဘယ်လိုလက်စားချေမလဲ

အဲလူသတ်မှုမှရောနိုင်ငံရေးသမားအပြင် ဘယ်သူတွေပါ၀င်နေပြီး ဘယ်လိုအရှုပ်ထွေးတွေရှိနေမလဲ

စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့်ကားလေးမို့ လက်မလွတ်တမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်

0 comments:

Post a Comment