From Now On, Showtime! (2022)


 

 

Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

ဒီတခါမှာတော့ ကိုရီးယားဝိဉာဥ်သရဲကားကြိုက်သူတွေရော မှုခင်းကားကြိုက်သူတွေပါ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးချင်ပါတယ်

ချာချာဝန်းက သူရဲ့ကျွမ်းကျင်လှတဲ့ မျက်လှည့်လှည့်ကွက်တွေကြောင့် နာမည်ကြီးတဲ့ မျက်လှည့်ပညာရှင်တစ်ဦးပါ
TV တွေမှာ တိုက်ရိုက်မျက်လှည့်ပွဲတွေ ပြသတင်ဆက်သလို သူရဲ့ကြည့်ကောင်းတဲ့ရုပ်ရည်ကြောင့် နာမည်ကြီးတဲ့ ချာချာဝန်းမှာ
အများနဲ့အတူ ထူးခြားလှတဲ့ အချက်တစ်ချက်ရှိပါတယ်

အဲ့ဒါကတော့ သရဲတွေကို မြင်နိုင်တာ ပြီးတော့ သူတို့နဲ့ဆက်သွယ်နိုင်တာပါပဲ

အဲ့လိုထူးခြားတဲ့စွမ်းရည်နဲ့ ချာချာဝန်းတစ်ယောက် ရဲမေဂိုနဲ့ပူးပေါင်းပြီး အမှုတွေကို စုံစမ်းရာကနေ
သူတို့နှစ်ယောက်ကြား ဘယ်လို ရိုမန်တစ်ဆန်ဆန်အချစ်တွေဖြစ်လာမလဲ

လူသားတွေနဲ့ဆက်ဆံရမှာကိုမုန်းတီးတဲ့ မျက်လှည့်ဆရာရဲ့နောက်ကွယ်က အကြောင်းအရာတွေကရော ဘယ်လိုတွေဖြစ်မလဲ မင်းသား Park Hye Jin နဲ့ မင်းသမီး Jin Ki Joo တို့ပါဝင်သရုပ်ဆောင်ထားပြီး အပတ်စဥ် Sat & Sun မှာတင်ဆက်ပေးထားမဲ့ Kdrama အသစ်လေးပဲ ဖြစ်ပါတယ်

0 comments:

Post a Comment