Forever Out of My League (2021)


Rating : 5.2/10
Country :United State
Genre : Comedy,Drama,Romance,
Released Date : 2021
Duration :  1h 45min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

တစ်ခါတလေကျ ချစ်ခြင်းမေတ္တာက နားလည်ရခက်တယ်ဗျ။ အသွားရှိမှ
အပြန်ရှိမယ်ပြောကြေးဆို အသွားအပြန်မမျှော်ကိုးဘဲ ချစ်နေတတ်တဲ့
ချစ်ခြင်းမေတ္တာတွေကို ဘယ်လိုရှင်းပြနိုင်မလဲဗျ။ တစ်ခါတလေကျ ပြန်တော့
လည်း သံယောဇဉ်ကြိုးဆိုတာ တစ်ချို့လူတွေအတွက်တော့ ကမ္ဘာ့အခိုင့်ခံဆုံး၊
ဖြတ်ရအခက်ဆုံးကြိုးဆိုပေမဲ့ တစ်ချို့တွေကျတော့လည်း အပ်ချည်မျှင်လေး
တစ်ကြိုးလို ထောက်ခနဲဖြတ်တောင်နိုင်တာမျိုးပေါ့။

ဒီထဲမှာမှ ကျွန်တော်တို့နားလည်ရခက်၊ ရှင်းပြရခက်တဲ့ ချစ်ခြင်းတွေထဲမှာ
မိသားစုချစ်ခြင်းဟာ ထိပ်ဆုံးကနေဦးဆောင်နေစမြဲ။ တုနှိုင်းမရအောင် ခိုင်မာ
တတ်သလို၊ နားလည်ရခက်‌လောက်အောင်လည်း ခက်ထန်တတ်စမြဲ ဖြစ်တတ်ခြင်း
သဘောတွေဟာ ဒီချစ်ခြင်းရဲ့သဘောတွေပဲထင်ပါရဲ့။ တစ်ချို့မိသားစုတွေရဲ့ ချစ်ခြင်းဟာ
တကယ့်ကို နှစ်ထောင်းအာရရှိပြီး အားကျချင်စရာကောင်းချိန် တစ်ချို့မိသားစုချစ်ခြင်း
အပေါ်ယံဟန်ဆောင် သကာရည်ဖြူး၊ တစ်ချို့ကျ နှစ်ထောင်းအားရစရာမရှိပေမဲ့
သကာရည်မပါဘဲ တစ်ကယ့်ချစ်ခြင်းတွေပါဝင်စမြဲပါပဲလေ။

 

 

 

0 comments:

Post a Comment