Country : Korea
Duration : 1h 35min
အညွှန်း
ဆွန်းဟျွန်း ဆိုတဲ့ အမျိုးသားတစ်ယောက်က စမတ်ဖုန်းပြုပြင်ခြင်း အထူးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီလေးတည်ထောင်ထားပါတယ်။ တစ်နေ့မှာတော့ အမျိုးသမီးတစ်ယောက် ဖုန်းပြုပြင်ဖို့အတွက် သူ့ဆီကို ရောက်လာခဲ့ပါတယ်။
ဆွန်းဟျွန်းကတော့ ဖုန်းကို ပြင်ရုံမက ဖျက်ထားတဲ့ ဓာတ်ပုံကစလို့ ဒေတာတွေကိုပါ ပြန်လည် ရယူပေးရာကနေ ဇာတ်လမ်းတစ်ခု စတင်လာခဲ့ပါတယ်။ A Cut နဲ့ B Cut ဆိုပြီး ခွဲပြီး ဒေတာတွေ ပြန်ဖော်ပေးလိုက်ပါတယ်။ A Cut ကတော့ လူတိုင်းကြည့်လို့ရနိုင်တာတွေဖြစ်ပြီး B Cut ကတော့ အထူးလျှို့ဝှက် တစ်ကိုယ်ရည်ပဲ သိသင့်တာမျိုးပေ့ါ။
B Cut ဒေတာတွေကနေ စလိုက်တဲ့ ဇာတ်လမ်းက တောင်ကိုးရီးယားနိုင်ငံရဲ့ နာမည်ကျော်တစ်ယောက်ရဲ့ လူမှုရေးဖောက်ပြန်တဲ့ကိစ္စတွေထိ ပေါ်ပေါက်လာပြီးနောက်မှာတော့ …
ဆန်းဟျွန်းတစ်ယောက် ဘယ်လို နောက်ခံအင်အားရှိတဲ့ လူတွေရဲ့ လူမှုရေးဖောက်ပြန်မှုကို ဖော်ထုတ်မိတာလဲ?
သူ့ဆီကို ဘယ်လို အန္တရာယ်တွေ ကျရောက်လာမလဲ?
ဖုံးကွယ်လိုသူနဲ့ ဖော်ထုတ်လိုသူတို့ကြား အားပြိုင်ဆိုင်မှုတွေက ဘယ်အတိုင်းအတာထိ ရောက်သွားမလဲ? စတာတွေကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုကြရအောင်ပါ။
0 comments:
Post a Comment